ဘရစ်တနီ ဖျော်ဖြေပွဲသို့ အရက်မူးသူ ပရိသတ်တဦး ၀င်ရောက် ရမ်းကား

alt

ဘရစ်တနီ စပီးယား ၏ စင်တင်ဖျော်ဖြေပွဲ သို့ အရက်မူးနေသူ ပရိသတ်တဦး က ၀င်ရောက် ရမ်းကားခဲ့သဖြင့် လုံခြံုရေးများ အလုပ်ရှုပ် သွားကြောင်း သိရှိရသည်။

မေလ (၂) ရက်နေ့က ဖျော်ဖြေပွဲအတွင်း ကီလီကင်းဆိုသူ ပရိသတ်တဦး က စင်ပေါ်သို့ ပြေးတက်လာခြင်း ဖြစ်သည်။ အသက် (၂၀) အရွယ်ရှိ ကင်း ပြေးတက် လာချိန်တွင် ဘရစ်တနီ သည် Womanizer သီချင်းနှင့် ဖျော်ဖြေလျှက် ရှိပြီး ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ခဲ့သည့် ကင်း ကြောင့် Dancer များပါ ဗျာများ သွားခဲ့ရသည်။

အလွန် ထိတ်လန့်သွားသည့် ဘရစ်တနီအား လုံခြံုရေးများ က ကာကွယ်ပေးခဲ့ပြီး ကင်းအား ကော်နက်တီကတ် ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ရသည်။ သို့သော်လည်း ကင်း အနေနှင့် ဘရစ်တနီ အား ရန်ပြုခဲ့ခြင်း မရှိဘဲ သူမ နှင့် အတူ ကရုံသာ က နေခဲ့ကြောင်း မျက်မြင်များ က ဆိုသည်။

ကင်းအား ရဲတပ်ဖွဲ့ နောက် တစ်နေ့ တွင် ဒါဏ်ငွေ ရိုက်ကာ ပြန်လွှတ် လိုက်သော် လည်း ထိုနေ့ ကမူ ဘရစ်တနီ ၏ ပရိသတ် မှာ ဖျော်ဖြေ ပွဲ ပျက်သွား သဖြင့် စိတ်ညစ် ခဲ့ရကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here