အစ္စရေး စစ်တပ်က ပါလက်စတိုင်း လယ်သမားများအား ပစ်ခတ်

alt

အစ္စရေး စစ်တပ်သည် မေလ (၁) ရက်နေ့က ပါလက်စတိုင်း လယ်သမားများ အား ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဂါဇာ ကမ်းမြှောင် အရှေ့တောင်ပိုင်းတွင် တပ်စွဲထားသည့် အစ္စရေး တပ်စခန်း အနီး ချဉ်းကပ် လာသဖြင့် ယခုလို ပစ်ခတ် ရခြင်းဖြစ်သည်ဟု အစ္စရေး စစ်တပ်က ပြောကြား လိုက်သည်။

ထို လယ်သမားများသည် အယ်ဖာဟင် ဒေသတွင် အလုပ်လုပ် နေစဉ် စက်သေနတ်များ နှင့် ပစ်ခတ်ခံရခြင်းဟု မျက်မြင် သက်သေများ က ထုတ်ဖော် ပြောကြားခဲ့သည်။ အစ္စရေး လုံခြံုရေး ဌာနများကမူ ယခု ဖြစ်ရပ်အတွက် တစုံတရာ ထင်ကြေး ပေးမှုမျိုး မရှိသလို လယ်သမားများ သေကြေ ဒါဏ်ရာရမှု ရှိမရှိ ကိုလည်း ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပေ။

ထို အတောအတွင်း ဂါဇာကမ်းမြှောင် မြောက်ဘက်ပိုင်း နှင့် အရှေ့ ဂျူဘီယာမြို့ များတွင် ပစ်ခတ်မှု နှစ်ခု ဖြစ်ပွားကြောင်း အစ္စရေး အာဏာပိုင်များ က ပြောကြားခဲ့ပြီး သေဆုံးမှု ရှိမရှိ ကိုလည်း အတည်မပြု နိုင်သေး ကြောင်းသာ ပြောကြားခဲ့သည်။

ပြီးခဲ့သော နှစ်ကုန်ပိုင်း က စတင်ခဲ့သည့် (၂၂) ရက်ကြာ ဂါဇာထိုးစစ် နောက်ပိုင်း အစ္စရေး စစ်တပ်များသည် ထိုဒေသတွင် ဆက်လက် တပ်စွဲမှုများ ရှိနေဆဲ ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here