ရူနီ သာ အကောင်းဆုံး ဘောလုံးသမား ဆု ရသင့်ဟု ဖာဂူဆန်ပြော

alt

မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး ဆာ အဲလ်လက်ဖာဂူဆန် က ၎င်း၏ အသင်းမှ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးလေး ၀ိန်းရူနီ မှာ ယခုနှစ် အတွက် အကောင်းဆုံး ဘောလုံးသမား ဆု ကို ရရှိသင့်ကြောင်း ထောက်ခံ ပြောကြား လိုက်သည်။

ဖာဂူဆန် က ကမာ္ဘပေါ်ရှိ အားကစား သတင်းထောက်များ စုပေါင်း မဲပေးသည့် FWA ဆု အတွက် ရူနီ အား ထောက်ခံ ခဲ့သည်။ ၎င်းသည် ယခု အချိန်တွင် အကောင်းဆုံး ခြေစွမ်း ရနေသူဖြစ်ပြီး မန်ချက်စတာ က တော့တင်ဟမ် ဟော့စပါး အား (၅-၂) ဖြင့် အနိုင် ရသည့် ပွဲစဉ်တွင် (၂) ဂိုးသွင်း ပေးခဲ့သေးသည်။

Observer သတင်းဌာန နှင့် အင်တာဗျူး တွင် ဖာဂူဆန် က ရူနီ တွင် အခြားသော ကမာ္ဘကျော် ဘောလုံးသမားများ နှင့် ခြားနားသည့် အရည်အသွေး ကောင်းများ ပိုင်ဆိုင် ထားကြောင်း၊ ၎င်းသည် အသက် (၂၃) နှစ် အရွယ်နှင့် မမျှအောင် ခြေစွမ်း ထက်မြတ် သည့် ပါရမီရှင်လေး တဦး ဖြစ်ကြောင်း ချီးကျူး ပြောဆိုခဲ့သည်။

လက်ရှိ အချိန်တွင် မန်ချက်စတာ အသင်းသည် ရူနီအား စာချုပ်သက်တမ်း တိုးရန် ကြိုးပမ်းလျက် ရှိကြောင်းလည်း သတင်းများ ထွက်ပေါ် လျှက် ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here