အိနိ္ဒယတွင် မုန်တိုင်း တိုက်ခတ်မှုကြောင့် လူသေဆုံး

alt

အိန္ဒိယ နိုင်ငံ အတွင်း မေလ (၃) ရက်နေ့က ဆိုင်ကလုန်း မုန်တိုင်း တစ်ခု ၀င်ရောက် တိုက်ခတ်မှုကြောင့် လူ (၁၁) ဦး သေဆုံးပြီး (၁၅) ဦး ထက်မနည်း ဒါဏ်ရာများ ရရှိ ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆိုင်ကလုန်းသည် နိုင်ငံ အရှေ့ဘက်ရှိ အနောက် ဘင်္ဂလား ပြည်နယ်ကို ဦးတည်ကာ နေရာဒေသ အတော် များများသို့ မွှေ့ယမ်းတိုက်ခတ် သွားကြောင်း အိန္ဒိယ အာဏာပိုင်များ က မေလ (၄) ရက်နေ့တွင် ကြေညာသည်။

ယခု မုန်တိုင်း ကြောင့် အဆိုပါ ပြည်နယ် အတွင်း ပြုလုပ်ကျင်းပ နေသည့် ရွေးကောက်ပွဲများ ကို ရွှေ့ဆိုင်း ထားရဖွယ် ရှိနေကြောင်းလည်း သိရသည်။ မော်ဒါခရိုင် အတွင်းတွင်ပင် သေဆုံးသူ (၇) ဦးရှိပြီး နော်ဝက်စတာ ဟု အမည် ပေးထားသည့် ဆိုင်ကလုန်း မုန်တိုင်းကြောင့် နေရာ အတော် များများ တွင် ဓာတ်တိုင် နှင့် သစ်ပင်များ သည် အမြစ်မှ ပင် ကျွတ်ထွက် ခဲ့ကြောင်း သိရှိ ရသည်။

အခြား သေဆုံးသူ (၄) ဦးမှာ အမြစ်မှကျွတ်ကာ လဲကျလာသော အုန်းပင်များ နှင့် ပြိုကျ သွားသည့် ရွှံ့နံရံများ ပိမိသဖြင့် သေဆုံးခဲ့ကြခြင်း ဖြစ်ကြောင်း အာဏာပိုင်များ က ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here