ဆေးရုံကို လက်နက်ကြီးများဖြင့် ပစ်ခတ်သည် ဆိုမှု သီရိလင်္ကာ အစိုးရ ငြင်းဆို

alt

စစ်ပွဲ ဖြစ်ပွားရာ ဒေသအတွင်း ဆေးရုံတရုံ သို့ လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့သည် ဆိုသော သတင်းများကို သီရိလင်္ကာ အစိုးရက ငြင်းဆန်ပယ်ချ လိုက်သည်။

သီရိလင်္ကာ အတိုက်အခံ တမီလ် ပြောက်ကျားများ က အစိုးရ တပ်များသည် ပဋိပက္ခ ဖြစ်ပွား နေသည့် စစ်မက်ဒေသ အတွင်း မဆင်မခြင် ပစ်ခတ်မှု ကြောင့် ဆေးရုံတရုံသို့ လက်နက်ကြီး ကျည်ဆန် တိုက်ရိုက် ထိမှန်ပြီး လူနာ (၆၄) ဦးသေဆုံးကာ (၈၇) ဦးဒဏ်ရာ ရခဲ့ကြောင်း စွပ်စွဲခဲ့သည်။

ထို စွပ်စွဲချက်ကို ဆေးရုံမှ ဆရာဝန်တဦးက အတည်ပြုချက် ပြုခဲ့သော်လည်း မေဒေးတွင် ဖြစ်ပွားခဲ့သည် ဆိုသော တိုက်ခိုက်မှု အပေါ် အစိုးရက ငြင်းချက် ထုတ်ပြန် ခဲ့သည်။ သီရိလင်္ကာအစိုးရသည် စစ်ပွဲဒေသမှ အပြစ်မဲ့ ပြည်သူများ သေကြေနေမှု ကြောင့် လက်နက်ကြီး အင်အားကို လျှော့ပေါ့ သွားမည်ဟု ပြောကြားထားပြီး ရက်ပိုင်း အတွင်းမှာပင် ယခု ဖြစ်ရပ် ပေါ်ပေါက်လာ ရခြင်းဖြစ်သည်။

စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူ တဦးက တမီလ်တို့ စွပ်စွဲထားသည့် ဒေသ ပတ်ဝန်းကျင်သို့ လက်နက်ကြီး ပစ်ခတ်ခဲ့မှု မရှိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here