မိန်းခလေးငယ်အား ရွှေဆွဲကြိုး လက်ဆောင်ပေးခဲ့သည့် အီတလီ ဝန်ကြီးချုပ်

alt

အီတလီ နိုင်ငံ ၀န်ကြီးချုပ် ဆီဗီယို ဘာလူစကိုနီသည် အသက် (၁၈) နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး ၏ မွေးနေ့သို့ တက်ရောက်ပြီး ရွှေဆွဲကြိုး တကုံး လက်ဆောင် ပေးခဲ့သဖြင့် အီတလီ တွင် ဝေဖန်မှုများ ရင်ဆိုင်နေရသည်။

ထို့အပြင် ၀န်ကြီးချုပ် က ၎င်း၏ စီးပွားရေး လုပ်ငန်း Partner တစ်ဦး၏ သမီးဖြစ်သူ နီယိုမီလက်တီဇာ သည် ၎င်းအား Daddy teacher ဟု သတ်မှတ်ထားကြောင်း ထုတ်ပြောခဲ့သည့် ဘာလူစကိုနီ အား အီတလီ သတင်းစာများက အရှက်မရှိဟု ၀ိုင်းဝန်း ရေးသား ကြသည်။

အသက် (၇၂) နှစ် ရှိပြီဖြစ်သော ဘာလူစကိုနီသည် ယခင် အိမ်ထောင်နှစ်ဆက် နှင့်ရသည့် အရွယ်ရောက်ပြီး သားသမီး (၃) ဦး ရှိသူဖြစ်သည်။ နေပယ်မြို့ တွင် ကျင်းပသည့် သူမ၏မွေးနေ့ ကို ၀န်ကြီးချုပ်က အထူး ဧည့်သည်တော် အဖြစ် တက်ရောက်ခဲ့ပြီး သူမအား မွေးနေ့ လက်ဆောင် ဆွဲကြိုးလေး ပေးခဲ့သည်ဟု နာယိုမီ က ထုတ်ဖော် ပြောဆိုခဲ့သဖြင့် ဘာလူစကိုနီခ မျာ အရှက်ကွဲ နေရပြီ ဖြစ်သည်။

အီတလီ ၏ ဩဇာကြီးမားသော သတင်းစာကြီး Corriere Della Sera က အလုပ်များလှသည့် ၀န်ကြီးချုပ် အနေနှင့် (၁၈) နှစ် သမီးလေး၏ မွေးနေ့ပါတီ တွင် မည်သို့သော အလုပ်ကြီး အကိုင်ကြီးများ သွားလုပ်နေခဲ့ပါ သနည်းဟုပင် ထုတ်ဖော် ရေးသားခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here