တနယ်စီ ခြားနေသည့် ချစ်သူစုံတွဲများ အတွက် Kiss Phone

alt

တနယ်စီခြား နေသော ချစ်သူ စုံတွဲများ အတွက် ရည်ရွယ် ထားသည့် မိုဘိုင်းလ်ဖုန်း တမျိုးကို ပြင်သစ်နိုင်ငံမှ ပညာရှင်များ က ရှာရှာဖွေဖွေ ဖန်တီး ထုတ်လုပ် လိုက်သည်။

Kiss phone ဟု အမည် ပေးထားသည့် အဆိုပါ မိုဘိုင်းလ် ဖုန်း တွင် လူ့ နှုတ်ခမ်း သဏ္ဍန် စုပ်ခွက် ကြီးတစ်ခု ပါရှိပြီး ထို စုပ်ခွက် မှ တဆင့် အနမ်းခြွေ လိုက်ပါက တစ်ဖက် မှ ချစ်သူထံသို့ ထိုအနမ်းကို လက်ဆင့်ကမ်း သယ်ဆောင် ပေးနိုင်ကြောင်း သိရှိရသည်။

ထို့အတွက် ချစ်သူ နှစ်ဦးလုံး တွင် Kissphone တစ်လုံးစီ ရှိနေရန်တော့ လိုအပ်သည်။ ထိုနှုတ်ခမ်းပုံ စုပ်ခွက်ကြီးများသည် အာရုံခံစနစ် တပ်ဆင်ထားပြီး တစ်ဖက်မှ နမ်းလိုက် သည့် အနမ်း ၏ စုပ်ယူအား၊ အပူချိန်ပမာဏ၊ သက်ရောက်သော ဖိအား တို့ကို စနစ်တကျ မှတ်တမ်း တင်ကာ တစ်ဖက် တွင် ထို အနမ်း အတိုင်း ပို့ဆောင် ပေးကြောင်း သိရသည်။

အနေဝေး နေသည့် ချစ်သူချင်း ရုပ်ပိုင်း ဆိုင်ရာ ချစ်ခင် ထိတွေ့မှုရရှိ စေလိုသော ရည်ရွယ်ချက် ဖြင့် ယခု ဖုန်းကို ဖန်တီး ခဲ့ကြောင်း ထိုဖုန်း ကို တီထွင်သူ ဂျော်ဂျက်ကူဆိုရော က ရှင်းလင်း ပြောဆိုသွားပြီး ထိုဖုန်း ကို အသုံးပြုပါက ဖုန်းနံပါတ် မှားမခေါ်မိရန် သတိထားသင့်ကြောင်း အရွှမ်းဖောက် ပြောကြား ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here