ဘာစီလိုနာနှင့် နှိုင်းယှဉ်သဖြင့် ဒေါသဖြစ်ဟု ရီးရဲလ် နောက်ခံ လူပြော

alt

ဘာစီလိုနာ နှင့် နှိုင်းယှဉ်နေမှုများ ကို ဒေါသ ဖြစ်မိကြောင်း ရီးရဲလ် မက်ဒရစ် နောက်ခံလူ မာဆယ်လို က ထုတ်ဖော် ပြောကြား လိုက်သည်။

၎င်းသည် စပိန် လာလီဂါ အမှတ်ပေး ဇယားတွင် ရီးရဲလ် ထက် (၄) မှတ်အသာ မှ ဦးဆောင်နေ သူ ဘာစီလိုနာ အပေါ် လေးစား သည့်တိုင် ၎င်းတို့ အသင်း နှင့် နှိုင်းယှဉ် ဝေဖန် နေသည်ကို လက်မခံကြောင်း ဘရာဇီး လက်ရွေးစင် က ဆိုသည်။

အသက် (၂၀) အရွယ်ရှိ မာဆယ်လိုက ရီးရဲလ်သည်လည်း အကောင်းဆုံး အနေအထား သို့ ရောက်ရှိနေပြီး ဘာစီလိုနာ နှင့် လက်ကျန်ပွဲ တွင် အနိုင် ကစားပြီး အမှတ် ကွာဟမှုကို လျှော့ချမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထိုနှစ်သင်းသည် စပိန်တွင် အင်အား အကြီးမားဆုံး အသင်းနှစ်သင်းဖြစ်ပြီး လက်ရှိ အချိန်တွင် လည်း အမှတ်ပေး ဇယားတွင် ထိပ်ဆုံး နေရာများမှ ရပ်တည်လျက် ရှိကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here