ရုရှားရဲတို့ ဖမ်းဆီးခြင်းမှ ကံကောင်း လွတ်မြောက်ခဲ့သော လေဒီဂါဂါ

alt

လေဒီဂါဂါ တစ်ယောက် ရုရှားနိုင်ငံ သို့ရောက်ရှိစဉ် ရဲ ဖမ်းခံရမည့် ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ကြောင်း သိရ သည်။

အသက် (၂၃) နှစ်ရှိ အဆိုတော်မလေး သည် ဒီဇိုင်းဆန်းဆန်း အဝတ်အစားများ ကို ၀တ်ဆင်လေ့ရှိသူ ဖြစ်ပြီး ရုရှားနိုင်ငံ စိန့်ဘာဆိုင်း ဘုရားကျောင်းသို့ သားရေ ကိုယ်ကြပ် ၀တ်စုံဖြင့် သွားရောက်ခဲ့သဖြင့် ရဲ က ဖမ်းရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

ဂါဂါ က ထိုနေရာတွင် ထိုကဲ့သို့ အဝတ်အစားမျိုး မဝတ် ရသည်ကို ကြိုမသိ ခဲ့ကြောင်း ၀န်ခံခဲ့သည်။ သူမ အနေနှင့် ရဲအား အသည်းအသန် တောင်းပန်ပြီး ဘုရားကျောင်း မှ ထွက်ခွာခဲ့ရကြောင်း Twitter တွင် ရေးသားဖော်ပြ ခဲ့သည်။

ဂါဂါ သည် အဆန်းထွင်ပြီး ၀တ်စား ဆင်ယင်မှုများ နှစ်နှစ်ခြိုက်ခြိုက် ပြုလုပ်လေ့ ရှိပြီး ထို့ အတွက်ကြောင့်လည်း ပြဿနာ မကြာခဏ တက်လေ့ရှိ သူဖြစ်သည်။

ဂါဂါ က ချီကာဂိုမြို့  ပွဲတော်တခု တွင် ရဲတစ်ဦး က သူမ၏ ဘောင်းဘီတို နေသဖြင့် လာပြော သောကြောင့် သူမ၏ ဘောင်းဘီကို ချွတ်ကာ ထိုရဲ လက်ထဲထည့်ပေး လိုက်ဖူးကြောင်း လည်း ဂုဏ်ယူစွာ ပြောဆို ထားခဲ့ဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here