ကမ္ဘာပေါ်ရှိ အမှတ်တရ ဓါတ်ပုံ ရိုက်ကူးမှု အများဆုံး နေရာများ

alt

လူအများ အတွက် အမှတ်တရ ဓာတ်ပုံ ရိုက်ကူးမှု အများဆုံး နေရာများ စာရင်းကို ကွန်နဲလ် တက္ကသိုလ် မှ စာရင်းထုတ်ပြန် ကြေညာလိုက်သည်။

အဆိုပါ စာရင်းတွင် ပြင်သစ် နိုင်ငံ၊ ပါရီမြို့တော်မှ အီဖဲလ်မျှော်စင် သည် ထိပ်ဆုံးတွင် ရပ်တည်လျှက် ရှိနေပြီး အင်္ဂလန် နိုင်ငံ၊ လန်ဒန်မြို့တော်ရှိ ထရက်ဖက်ဂါ စကွဲလ်ယား မှာ နံပါတ် (၂) နေရာမှ ကပ်လိုက်  နေကြောင်း သိရှိရသည်။

ယင်းတက္ကသိုလ် မှ ပညာရှင်များသည် ကမာ္ဘလှည့် ခရီးသွား သုံးသိန်းခန့် တို့က ရိုက်ကူးခဲ့သည့် ဓါတ်ပုံ အရေအတွက် (၃၅) သန်းကျော်ကို စာရင်းပြုစု လေ့လာကာ ယခုကဲ့သို့ စစ်တမ်းကို ဖော်ထုတ် ကြေညာခြင်း ဖြစ်သည်။

ကမာ္ဘပေါ် တွင် အမှတ်တရ ဓါတ်ပုံ ရိုက်ကူးမှု အများဆုံး နေရာများမှာ –

  • အီဖဲလ်မျှော်စင် ( ပါရီ၊ ပြင်သစ် )
  • ထရပ်ဖက်ဂါ စကွဲလ်ယား ( လန်ဒန်၊ အင်္ဂလန်် )
  • တိတ် မော်ဒန်ပြတိုက် ( လန်ဒန်၊ အင်္ဂလန် )
  • ဘစ်ဘင်း နာရီစင် ( လန်ဒန်၊ အင်္ဂလန် )
  • နော်တာဒိမ်း ဘုရားကျောင်း ( ပါရီ၊ ပြင်သစ် )
  • လန်ဒန် မျက်လုံးချားရဟတ် ( လန်ဒန်၊ အင်္ဂလန် )
  • အင်ပါယာစတိတ် အဆောက်အအုံ ( နယူးယောက်၊ အမေရိကန် )

တို့ဖြစ်ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here