တစက္ကန့်အတွင်း ဓာတ်ပုံ သန်းနှင့်ချီ ရိုက်ကူးနိုင်သည့် ကင်မရာ

alt

တစက္ကန့် အတွင်း ဓာတ်ပုံ အရေအတွက် (၆)သန်းထိ ရိုက်ကူးနိုင်သည့် ကင်မရာ တလုံးကို ပညာရှင်များက ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။

ကမာ္ဘ့ အမြန်ဆုံး မှတ်တမ်းတင် ကင်မရာအဖြစ် သတ်မှတ် ခံလာရပြီ ဖြစ်သည့် အဆိုပါ ကင်မရာသည် ဦးနှောက်က ဖန်တီး ပြုလုပ်နိုင်သည့် စိတ်၏ မြန်နှုန်းအတိုင်း 2D ဓာတ်ပုံရိပ်များကို ဖန်တီးနိုင်မည် ဖြစ်သည်။

ယခု ကင်မရာအား ဖန်တီးနိုင်ရန် STEAM (Serial Time-Encoded Amplified imaging) အမည်ရှိ နည်းပညာ အသစ်အဆန်း တမျိုးကို အသုံးပြုခဲ့ခြင်း ဖြစ်ပြီး အလင်း၏ အမြန်နှုန်းခန့်ဖြင့် မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးနိုင်မည်ဟု သိရသည်။

တောင်းဆိုမှု မြင့်မားလာသည့် ကမာ္ဘ့ နည်းပညာလောကတွင် အမြန်နှုန်းမြင့်မားစွာ မှတ်တမ်းတင်နိုင်မည့် ကင််မရာများ ပိုမို လိုအပ်လာ သဖြင့် ယခုကင်မရာကို ဖန်တီးရန် စိတ်ကူးမိခဲ့ကြောင်း ကယ်လီဖိုးနီးယား တက္ကသိုလ်ရှိ သုတေသနအဖွဲ့ ခေါင်းဆောင် ပရော်ဖက်ဆာ ဘရာဟမ် ဂျာလာလီက ထုတ်ဖော် ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here