အမေရိကား အလယ်ပိုင်း ၀စ္စကွန်စင်န် ပြည်နယ်မှ ၀က်တုပ်ကွေး အခြေအနေ

alt

မေ ၁ရက် သောကြာနေ့ ညနေ နောက်ဆုံးရသော သတင်းများ အရ မယ်လ်ဝေါ့ကီး မြို့ဧရိယာ တဝိုက်တွင် လွန်ခဲ့သော ၂၄နာရီ အတွင်းတွင် ၀က်တုပ်ကွေး ရောဂါဖြစ်ပွားနေသူ စုစုပေါင်း ၅ ဦးသာ ရှိခဲ့ရာမှ

ရက်ပိုင်းအတွင်း ၎င်း ၀က်တုပ်ကွေး ရောဂါဖြစ်ပွားနေသူ ဦးရေမှာ စုစုပေါင်း၂၇ ဦး ရှိသွားပြီ ဖြစ်သည်။

မယ်လ်ဝေါ့ကီး မြို့တော်ဝန် တွန်ဘားရစ်မှ မြို့နေလူထုအား အထူးသတိ ရှိကြရမည် ဖြစ်ကြောင်း ယနေ့ ပြောကြား လိုက်ပြီး ယနေ့ထိ မယ်ဝေါ့ကီး ဝန်းကျင်ရှိမြို့ ၄မြို့မှ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း စုစုပေါင်း (၂၇) ကျောင်းကို ပိတ်ထားလိုက်ရပြီ ဖြစ်သည်။

၀စ္စကိုစင် ကျန်းမာရေးဌာန ကမူ အဆိုပါ ၀က်တုပ်ကွေး ရောဂါကိုမည်သို့ ကာကွယ် ကုသနေခြင်းကို လည်းကောင်း၊ ဆေးရုံတက်ရောက် ကုသနေသူ လူနာဦးရေ စာရင်း အရေအတွက်ကို လည်းကောင်း သတင်း အတိအကျ ထုတ်ပြန်နိုင်ခြင်း မရှိသေးချေ။

ထိုအတော အတွင်း ၀စ္စကွန်စင်န် ပြည်နယ်တွင် ရောဂါဖြစ်ပွားရာ ဗဟိုချက်မ နိုင်ငံဖြစ်သော မက္ကဆီကို နိုင်ငံသား ရွေ့ပြောင်းအလုပ်သမား ဦးရေမှာ သိန်းချီရှိနေပြီး ယနေ့ ရာနှင့်ချီသော မက္ကဆီကန် အလုပ်လက်မဲ့များ၊ ရွှေ့ပြောင်းအလုပ်သမားများ လမ်းမပေါ်ထွက်လာပြီး အလုပ်သမားအခွင့် အရေးတောင်းဆို ဆန္ဒပြရာ မဆိုစလောက်သော မက္ကဆီကန်များသာ မျက်နှာဖုံးများ တပ်ဆင်ထားသည်ကို တွေ့ရှိရ၍ မြို့နေလူထုမှာ စိုးရိမ်စရာ ဖြစ်ကြရသည်။

မယ်ဝေါ့ကီး မြို့ဧရိယာ ၀က်စ်ကွန်စင်န် ပြည်နယ််တွင်် လာရောက် အခြေချနေထိုင်နေသူ မြန်မာနိုင်ငံသားများ အရေအတွက်မှာ စုစုပေါင်း (၁၀၀၀) ဦးရေခန့် ရှိနေပြီ ဖြစ်သည်။

alt 

သတင်းလင်းထွန်း (မယ်လ်ဝေါ့ကီး)

LEAVE A REPLY

Please enter your comment!
Please enter your name here