မက်ဒေါနား၏ ကလေးမွေးစားမှု အယူခံကိစ္စ တရားသူကြီးချုပ် ကိုင်တွယ်မည်

alt

မာလဝီ နိုင်ငံမှ ခလေးငယ် တဦးအား မွေးစားနိုင်ရန် ဒုတိယ အကြိမ်မြောက် လျှောက်ထားခဲ့သည့် မက်ဒေါနား ၏ အယူခံ အတွက် မာလဝီနိုင်ငံ တရားသူကြီးချုပ် ကိုယ်တိုင် ကိုင်တွယ် ဆောင်ရွက် သွားမည် ဖြစ်သည်။

ထိုသတင်း ကို မာလဝီ ဗဟိုတရားရုံးက အတည်ပြု ကြေညာပြီး (၃) နှစ်အရွယ် သမီးလေး မေစီဂျိမ်း အတွက် မက်ဒေါနား၏ ကြိုးပမ်းမှုကို အခြား တရားသူကြီး (၂) ဦး နှင့် တွဲဖက်ပြီး တရားသူကြီးချုပ် လက်မော်မွန်လို က စစ်ဆေး ကြားနာမည်ဟု အတည်ပြု ခဲ့သည်။

မာလဝီ တရားသူကြီးချုပ် အနေနှင့် မက်ဒေါနား ကဲ့သို့ ကမာ္ဘကျော် အနုပညာရှင် တဦးပါ၀င် ပတ်သက်နေသည့်  ယခု အယူခံကို အရေးကြီး အဆင့်တွင် သတ်မှတ်ခဲ့ကြောင်း တရားရုံးချုပ် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ထုတ်ဖော် ပြောကြားလိုက်သည်။

မက်ဒေါနား အနေနှင့် ယခင်က မေလ (၄) ရက်နေ့တွင် ကြားနာမည့် အယူခံဝင်မှု အတွက် မာလဝီသို့ လာရောက်ခြင်း မပြုတော့ရန် စဉ်းစားထားသော်လည်း ယခုအခါတွင် အာဖရိက တိုက်ရှိ ထိုနိုင်ငံသို့ လာရောက်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here