မန်ယူအသင်း နှင့် အမ်းမရိတ်ကွင်း ပွဲစဉ် အတွက် အာစင်ဝင်းဂါး ကြွေးကြော်

alt

မန်ချက်စတာ ယူနိုက်တက် အနေ နှင့် အိမ်ကွင်းတွင် (၁) ဂိုးတည်းသာ သွင်းနိုင် ခြင်းကြောင့် အမ်းမရိတ် ကွင်း တွင် ပြန်လည် ပေးဆပ် ရမည်ဟု အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါး က ကြွေးကြော် လိုက်သည်။

ဧပြီလ (၂၉) ရက်နေ့က မန်ချက်စတာမြို့ အိုးထရတ်ဖို့ ကွင်းတွင် ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် ပထမအကျော့ အဖြစ် ထိုနှစ်သင်း ယှဉ်ပြိုင်ခဲ့ရာ မန်ချက်စတာ က (၁-၀) ဖြင့် အနိုင်ရရှိ ခဲ့သည်။

ထိုပွဲတလျှောက် မန်ချက်စတာ က ခြေစွမ်း သာသော်လည်း ကံခေမှု နှင့် အာဆင်နယ် ဂိုးသမား လက်စွမ်း ပြနေမှုများကြောင့် တစ်ဂိုးတည်းဖြင့် ကပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၀င်းဂါး က ဆာအဲလက် ဖာဂူဆန် ၏ အသင်းအနေနှင့် ဖိအားများသွားပြီဟု သုံးသပ် ရှုမြင်နေခဲ့သည်။

၎င်းတို့ ၏ အသင်းသည် ဒါဏ်ရာများနှင့် ရုန်းကန် နေရသည့် အနေအထား တွင်ပင် မန်ချက်စတာအား ဂိုးကွာ ခြားချက်နည်းအောင် စွမ်းဆောင် နိုင်ခဲ့ကြောင်း၊ လန်ဒန်မြေ တွင် ဒုတိယ အကျော့ ယှဉ်ပြိုင်ရပါက မန်ချက်စတာ အား အနိုင်ရအောင် ကြိုးစားသွားမည် ဖြစ်ကြောင်း ၀င်းဂါး က ကြိမ်းဝါး ကြွေးကြော်ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here