သင့်တင့် မျှတသည့် အရက်သောက်ခြင်းသည် ကျန်းမာရေးကို အထောက်အကူပြု

alt

အရက် သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည် ဆိုသော်လည်း အနည်းငယ်မျှ ပမာဏကို နေ့စဉ် သောက်သုံးပါက ကျန်းမာရေးကို အထောက်အကူ ပြုရုံမျှမကဘဲ လူ့သက်တမ်း ကိုပါ ရှည်စေနိုင်ကြောင်း ပညာရှင်များက ပြောကြားလိုက်သည်။

အထူးသဖြင့် ဖန်ခွက် တဝက်စာမျှ ၀ိုင်အရက်ကို နေ့စဉ် သောက်ပါက သာမန်ထက် သက်တမ်း (၅) နှစ်နီးပါးမျှ ပိုရှည်နိုင်ကြောင်း သုတေသီများက ပြောဆိုခဲ့သည်။

အသက်(၄၀)ကျော် အမျိုးသား (၁၄၀၀) ခန့်တို့အား အရက်မျိုးစုံ အနည်းငယ်စီ နေ့စဉ် သောက်ခိုင်းပြီး မှတ်တမ်းပြုစုခဲ့ရာ ၀ိုင်အရက်ခွက် တဝက်စီ နေ့စဉ်သောက်သူများ၏ သက်တမ်းမှာ (၄)နှစ်ခွဲကျော် ပိုရှည်နိုင်ကြောင်း အတည်ပြု နိုင်ခဲ့သည်ဟု နယ်သာလန်နိုင်ငံ ၀င်နင်ဂန် တက္ကသိုလ်မှ သုတေသီများက ပြောကြားလိုက်သည်။

၎င်းတို့၏ အဆိုအရ ၀ိုင်အရက် (၂)ခွက်စီ (သို့မဟုတ်) ဘီယာ (၂)ပိုင့်စီမျှ နေ့စဉ်သောက်သည့် သက်လတ်ပိုင်း အရွယ်များသည်လည်း လုံးဝ အရက်မသောက် သူများထက် သက်တမ်း (၂)နှစ်မျှ ပိုနေရကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here