အန္တာတိကမှ ပဲ့ထွက်သွားသည့် ရေခဲပြင်ပမာဏ နယူးယောက်မြို့ အရွယ်ရှိ

alt

နယူးယောက် မြို့ကြီး၏ ပမာဏမျှ ရှိသည့် ရေခဲပြင်ကြီး တခုသည် အန္တာတိက ရေခဲပြင် မှ ပဲ့ထွက် သွားကြောင်း သိပ္ပံပညာရှင်များ က ပြောကြား လိုက်သည်။

ဂျာမနီနိုင်ငံ၊ မူစတာ တက္ကသိုလ် မှ ပညာရှင်တဦး ဖြစ်သည့် အန်ဂျီလင်ကာ ဟမ်းဘတ် က မြောက်ဘက်ခြမ်း ရေခဲလွှာကြီး ပဲ့ထွက်သွားမှု ကို အတည်ပြု ခဲ့ပြီ ထို ရေခဲလွှာ၏ အကျယ်အဝန်း ပမာဏသည် စတုရန်း မိုင်ပေါင်း (၂၇၀.၃) မျှရှိကြောင်း ပြောကြား လိုက်သည်။

ထိုပမာဏ သည် နယူးယောက် မြို့တော်ကြီး ၏ ပမာဏမျှရှိပြီး ကမာ္ဘကြီး ပူနွေးလာမှုသည် ဆက်လက် မြင့်တက်နေဆဲ ဖြစ်ပြီး မကြာသေးမီ နေ့များအတွင်း ရေခဲလွှာများ ပဲ့ထွက်ပြိုကျမှု သည် ဆက်တိုက် ဖြစ်ပေါ် နေကြောင်း ၎င်းက ဆိုသည်။ ယခု ရာစုအတွင်း အန္တာတိက တိုက်၏ အပူချိန် သည် (၃) ဒီဂရီ စင်တီဂရိတ်မျှထိ တိုးမြင့်လာမှုကြောင့် ပညာရှင်များ က ရေကြီး ရေလျှံမှုများ ပေါ်ပေါက် လာမည်ကို စိုးရိမ်လျှက် ရှိနေကြသည်။

ရေခဲထုများ အရည်ပျော်ကျခြင်း တို့ကြောင့် ကမာ္ဘ့ ပင်လယ်သမုဒ္ဒရာ ရေမျက်နှာပြင်ကို မြင့်တက်လာစေ သလို ကမာ္ဘကြီး၏ ရာသီဥတု ကိုလည်း ပြောင်းလဲမှု ကြီးကြီးမားမား ဖြစ်လာ စေရန် သက်ရောက်မှု များရှိနေကြောင်း ပညာရှင်များ က ပြောကြား သွားခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here