ဝက်တုပ်ကွေး ကူးစက်မှုအဆင့် WHO က တိုးမြှင့်ထား

alt

ကမာ္ဘ့ ကူးစက်ရောဂါ အဆင့် သတ်မှတ်မှုတွင် ၀က်တုပ်ကွေး ကို အဆင့် (၅) အထိ တိုးမြှင့် သတ်မှတ် လိုက်ကြောင်း ကမာ္ဘ့ ကျန်းမာရေး အဖွဲ့ (WHO) က ဧပြီလ (၂၉) ရက်နေ့တွင် ထုတ်ဖော် ကြေညာ လိုက်သည်။

ထို့ကြောင့် ကမာ္ဘ့ ကပ်ရောဂါကြီး အဖြစ် သတ်မှတ် ရမည့် အဆင့် (၆) နှင့် အလွန် နီးစပ်နေပြီး လက်ရှိ အခြေအနေ အရ ၀က်တုပ်ကွေးသည် အန္တရာယ် ကြီးမားသော ကူးစက် ရောဂါတခု အဖြစ် WHO က ဖော်ပြခဲ့သည်။

မက္ကစီကို နိုင်ငံသို့ အလည်သွားသော အမေရိကန်နိုင်ငံမှ မက္ကဆီကို နိုင်ငံသား   (၂) နှစ်အရွယ် ခလေးငယ် တစ်ဦး ထိုရောဂါကြောင့် သေဆုံး ပြီးနောက် ထိုကဲ့သို့ တိုးမြှင့် လိုက်ခြင်း ဖြစ်သည်။

ထို ခလေးငယ် သေဆုံးမှုသည် မက္ကစီကို နိုင်ငံ ပြင်ပတွင် ပထမဆုံး ၀က်တုပ်ကွေး နှင့် သေဆုံးမှု အဖြစ်လည်း WHO က သတ်မှတ် လိုက်သည်။ ကနေဒါ အစိုးရ ကလည်း ၎င်းတို့ ၏ နိုင်ငံ အတွင်း ၀က်တုပ် ကွေးဝေဒနာ ခံစားနေရသူ အရေအတွက် မှာ (၁၉) ဦးထိ တိုးပွားလာကြောင်း အတည်ပြု ခဲ့ပြီး အခြေအနေ ကို စိုးရိမ် မိကြောင်း ပြောကြား ခဲ့သည်။

WHO ၏ ခန့်မှန်း ဖော်ပြချက်အရ ကမာ္ဘတဝှမ်း တွင် ၀က်တုပ်ကွေး ရောဂါ ပြန့်နှံ့ ဖြစ်ပွားမှု ပေါင်း (၃၈၀၀) ခန့်အထိ ရှိနေ နိုင်သည်ဟု သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here