ကာကာအား ခေါ်ယူနိုင်ရေး အေစီ နှင့် မန်ယူ စတင် ဆွေးနွေး

alt

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဘရာဇီး လက်ရွေးစင် ကွင်းလယ် ကစားသမား ကာကာ အား ခေါ်ယူ နိုင်ရန် အေစီ မီလန် အသင်း နှင့် စတင် ဆွေးနွေး နေပြီ  ဖြစ်ကြောင်း သိရှိ ရသည်။

မန်ချက်စတာ ယူနိုက်တက် သည် အသက် (၂၇) နှစ်အရွယ် ကွင်းလယ် ဗိသုကာ အား အသင်း မှ ထွက်ခွာဖွယ် ရှိနေ သည့် ပေါ်တူဂီ တိုက်စစ်မှူး ခရစ်စတီယာနို ရော်နာဒို ၏ နေရာတွင် အစားထိုးရန် မျှော်လင့်နေပြီး ပေါင် (၃၅) သန်း ခန့်ဖြင့် ၀ယ်ယူ နိုင်မည်ဟု ယုံကြည် နေသည်။ ကာကာ သည် (၂၀၀၇) ခုနှစ်က ကမာ္ဘ့ အကောင်းဆုံး ဘောလုံးသမား ဆု ကို ဆွတ်ခူး ခဲ့သော်လည်း နောက်ပိုင်း  တွင် ဒဏ်ရာများ နှင့် ရုန်းကန် နေခဲ့ရသည်။ ၎င်းအား မန်ချက်စတာ စီးတီး ကလည်း ကမ်းလှမ်းခဲ့ သေးသော်လည်း အေစီမီလန် တွင်သာ ဆက်နေရန် ဆုံးဖြတ်  ခဲ့သည်။ မန်ချက်စတာ ယူနိုက်တက် က ရော်နာဒိုအား စပိန် ထိပ်သီး ရီးရဲလ် မက်ဒရစ် မှ ပေါင်သန်း (၇၀) ခန့်ဖြင့် ကမ်းလှမ်းလာပါက ရောင်းထုတ် လိုက်ပြီး ရရှိသော ငွေကြေး ကို ကာကာ အား ပြန်လည် ခေါ်ယူရေးအတွက် အသုံးပြု သွားရန် ပြင်ဆင် ထားသည်။

ကာကာ ကို်ယ်တိုင် ကလည်း ပေါစခိုးလ်၊ ဂစ်နှင့် ရူနီတို့ရှိရာ မန်ချက်စတာ ယူနိုက်တက် တွင် ကစားလိုကြောင်း ၀န်ခံ ထားဖူးရာ ၎င်း အနေ နှင့် အင်္ဂလန်မြေ သို့ ရောက်ရှိ လာရေး နီးစပ်လျက် ရှိကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here