X-Men မင်းသား ဇာတ်ကား ရိုက်ကူးမှုမှ နှုတ်ထွက်လိုခဲ့

alt

X-Men ဇာတ်ကားမှ မင်းသားဟူးဂျက်မန်း သည် X-Men ၏ (၄) ကားမြောက် ဇာတ်ကားမှ နှုတ်ထွက် ရန်ပင် ကြံစည် ခဲ့ဖူးကြောင်း ထုတ်ဖော် ၀န်ခံခဲ့သည်။

X-Men 4 သည် X-Men 3 ထက် ၎င်း ပါ၀င် ရသည့် အနေ အထား ပိုမို ကျယ်ပြန့် လာသော်လည်း ၎င်း သရုပ်ဆောင် ရသည့် Wolverine ဆိုသော လူစွမ်းကောင်း ဇာတ်ရုပ် မှာ ယခင်ထက် အားပျော့ သွားသည် ဟု ဩစတြေးလျ နိုင်ငံဖွား မင်းသား က သုံးသပ် ပြောဆို ခဲ့သည်။ Daily Express နှင့် အင်တာဗျူး အစီအစဉ် တွင် ဂျက်မန်းက ၎င်းသည် X-Men ၏ (၄) ကားမြောက် နောက်ဆုံး ရုပ်ရှင်ဖြစ်သော Origins Wolverine ကို မရိုက် တော့ရန် ဆုံးဖြတ် လုနီးနီး အခြေအနေသို့ ရောက်ရှိ ခဲ့ကြောင်း ပြောဆို ခဲ့သည်။

ဇာတ်ရုပ် တိုင်းတွင် ရှုပ်ထွေး လျှို့ဝှက်မှုများ တည်ရှိ နေခြင်းသည် X-Men ဇာတ်ကားများ ကို ပရိသတ် စွဲလန်း နေခြင်း ၏ အဓိက အကြောင်းရင်း ဖြစ်ကြောင်း၊ သို့သော်လည်း Origins Wolverine ဇာတ်ကား တွင်မူ Wolverine ၏ ဇာတ်ရုပ် သည် ရိုးလွန်း နေသည်ဟု ယူဆ မိကြောင်း ဂျက်မန်း က ပြောဆို သွား ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here