ပါကစ္စတန်တွင် အကြမ်းဖက် ပစ်ခတ်မှု ဖြစ်

alt

ဧပြီလ (၂၉) ရက်နေ့ နံနက်ပိုင်းက ပါကစ္စတန် နိုင်ငံ တောင်ပိုင်း ကရာချိမြို့တွင် အကြမ်းဖက် ပစ်ခတ်မှု များ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၂၆) ဦး သေဆုံးပြီး (၂၂) ဦးထက်မနည်း ဒဏ်ရာ များ ရရှိ ခဲ့ကြောင်း သိရသည်။

ယခု ဖြစ်ရပ် အတွင်း အဖွဲ့အစည်း ဖော်ထုတ် နိုင်ခြင်း မရှိ သေးသည့် သေနတ် သမားများ သည် လမ်းမများ ပေါ်တွင် မွှေ့ယမ်း ပစ်ခတ် သွားပြီး မော်တော်ကားများ ကိုလည်း မီးရှို့ ဖျက်ဆီး ခဲ့ကြ သေးသည်။ ထို ပစ်ခတ်မှု နှင့် စပ်လျဉ်းပြီး တာလီဘန်တို့ ပါကစ္စတန် အပေါ် ကျူးကျော် တိုက်ခိုက် လာမှုကို စိုးရိမ် မိကြောင်း ထုတ်ဖော် ပြောဆို ထားသည့် သမတ အိုဘားမား က ကြောက်စရာ လုပ်ရပ်အဖြစ် ဝေဖန် ရှုတ်ချ လိုက်သည်။ ပါကစ္စတန် အစိုးရ ကလည်း ယခု တိုက်ခိုက်မှု ကို အဓိက ဦးဆောင်သွားသူများ သည် တာလီဘန်များ သာဖြစ်နိုင် ကြောင်း စွပ်စွဲ ခဲ့သည်။

ပါကစ္စတန် အစိုးရ သည် အာဖဂန် နယ်စပ် ကိုဖြတ်ကျော်ပြီး နိုင်ငံ နယ်နိမိတ် အတွင်း ကျူးကျော် ၀င်ရောက် လာသည့် တာလီဘန်များ အား ပြန်လည် မောင်းထုတ် သွားရန် ပြင်ဆင်နေပြီဟု သတင်း ထုတ်ပြန် ခဲ့ပြီး နောက်တစ်ရက် အကြာမှာ ပင် ယခု တိုက်ခိုက်မှု ကြီး ပေါ်ပေါက် ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here