နိုင်ငံသံတမန်အဖြစ် ပြပွဲ တက်ရောက်မည့် အေဗရာလဗင်း

alt

ကနေဒါ နိုင်ငံသူ အဆိုတော် မလေး အေဗရာ လဗင်း သည် (၂၀၁၀) ခုနှစ် အတွင်း တရုတ် နိုင်ငံ၊ ရှန်ဟိုင်း တွင် ကျင်းပပြု လုပ်မည့် World Expo ပွဲတော်သို့ ကနေဒါ နိုင်ငံ ကိုယ်စားပြု သံတမန် တစ်ဦးအဖြစ် တက်ရောက်မည် ဖြစ်ကြောင်း သိရှိ ရသည်။

အာရှတွင် ပရိသတ် အင်အား အမြောက် အမြား ရှိနေပြီး ရှန်ဟိုင်း တွင် ဖျော်ဖြေ ပွဲနှစ်ခု ကျင်းပ ဖူး သည့် အေဗရာ က ယခု တစ်ခေါက် သွားရောက် ရမည့် အခြေအနေ အတွက် ရင်ခုန် ပျော်ရွှင် နေမိကြောင်း MySpace တွင် ရေးသား ထားသည်။ သူမသည် ဧပြီလ (၂၄) ရက်နေ့က အဆိုပါ ရာထူးကို တရားဝင် ခန့်အပ် ခံရခြင်း ဖြစ်သည်။ အသက် (၂၄) နှစ်ရှိ Punk အဆိုတော်မလေး အနေ နှင့် အရှေ့ နှင့် အနောက် ယဉ်ကျေးမှုခြင်း ကွာခြား နေသော အခြေအနေတွင် စပ်ယှက်ပေးမည့် သံတမန်ကောင်း တစ်ဦး ဖြစ်လာ နိုင်သည်ဟု ပရိသတ်များ က ယူဆနေကြသည်။

သူမသွားရောက်မည့် World Expo သို့ ကမာ္ဘ့နိုင်ငံပေါင်း (၂၀၀) ကျော်မှ ပူးပေါင်း ပါ၀င် ဆင်နွှဲ သွားမည် ဟုလည်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here