အချစ်ဟောင်းကို သံယောဇဉ်မကုန်သေးတဲ့ မိုင်လီဆိုင်းရပ်စ်

alt

မီလီဆိုင်းရပ် သည် သူမ ၏ ချစ်သူဟောင်း နစ်ဂျိုနက် အပေါ် အချစ်မပြယ် နိုင်သေးကြောင်း ပြောကြား ခဲ့သည်။

အသက် (၁၆) နှစ်အရွယ်ရှိ Hannah Montana မင်းသမီးလေး သည် လက်ရှိအချိန် တွင် အသက် (၂၀) အရွယ် မော်ဒယ်ဂျက် စတင်ဂက်စတန် နှင့် တွဲနေသော် လည်း သူမ ၏ နှလုံးသားသည် Jonas Brothers အဖွဲ့မှ နစ်အား လျစ်လျူ မရှုနိုင် သေးကြောင်း သူမ၏ Twitter Account တွင် ရေးသား ထားသည်။ မီလီက နစ်သည် ချစ်စရာ ကောင်းပြီး ဆွဲဆောင်မှု ပြည့်ဝသူ တစ်ဦးဟု မီလီ ကဆိုသည်။ ၎င်းသည် ဂီတ အရည်အသွေး ရော၊ ပေါင်းသင်း ဆက်ဆံမှုတွင်ပါ ဘက်စုံ ထူးချွန်သူဟု မီလီက ချီးကျူး ရေးသား ထားသည်။

လက်ရှိ အချိန် တွင် သူမနှင့် နစ်တို့သည် ချစ်သူများ အဖြစ်မှ လမ်းခွဲ လိုက်ပြီ ဖြစ်သော်လည်း နားလည်မှု အပြည့် ရှိသည့် မိတ်ဆွေများ အဖြစ် ဆက်လက် ရပ်တည် နေဆဲဖြစ်ကြောင်း၊ သူမသည် နစ်အပါအဝင် Jonas Brothers အဖွဲ့ဝင်များ နှင့် ဆက်ဆံရေး အဆင်မပြေ ဟု ပရိသတ်များ ထင်မှတ် နေသည်မှာ မဟုတ်ကြောင်း လည်း မီလီက Twitter တွင် ရေးသား ဖော်ပြ ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here