ဝါဒါဘရီမင်ကွင်းလယ်လူအား အင်တာမီလန် ကြားဖြတ်ခေါ်ယူဖွယ်

alt

ဂျူဗင်းတပ် အသင်းသို့ ရောက်ရှိ လိမ့်မည် ဟု သတင်းကြီး နေသော ၀ါဒါဘရီမင် အသင်း မှ ကွင်းလယ်လူ ဒီယေဂို ကို အင်တာ မီလန် အသင်း က ကြားဖြတ် ကမ်းလှမ်းရန် ပြင်ဆင် လျက်ရှိသည်။

ဒီယေဂို သည် ယခုနှစ် နွေရာသီ တွင် ဂျာမန်မြေ ကိုစွန့်ခွာရန် သေချာ သလောက်ရှိနေပြီး ဂျူဗင်းတပ် သို့ ပြောင်းရွှေ့ရန် စိတ်ကူး နေမိကြောင်း ထုတ်ဖော် ပြောဆိုထားသည်။ သို့သော်လည်း အီတလီ စီးရီးအေ ချန်ပီယံ အသင်းကြီး သည် အရည်အသွေး ပြည့်ဝ သည့် ဘရာဇီး လက်ရွေးစင် ကွင်းလယ်လူ ကို ၎င်းတို့ အသင်းသို့ ခေါ်ယူ သွားရန် ကြားဝင် ကြိုးစား လာခြင်း ဖြစ်သည်။

အင်တာ မီလန် နည်းပြ ဂျို့စ်မော်ရင်ညို က တိုက်စစ် အားသန် သည့် ကွင်းလယ် ဖန်တီးရှင် ဒီယေဂို အား တိုက်စစ်မှူး (၂) ဦး ၏ နောက်မှ ထား ကစား နိုင်ရန် စဉ်းစား နေပြီး လက်ဦးမှု ရနေသော ဂျူဗင်းတပ် ကို ဖြတ်ကျော် ခေါ်ယူရန် အားခဲလျက် ရှိကြောင်း အီတလီ အားကစား သတင်းစာများ တွင် ရေးသား ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here