တာလီဘန်တို့ထံမှ မြို့ရွာများကို ပါကစ္စတန်စစ်တပ် ပြန်လည်သိမ်းပိုက်

alt

တာလီဘန် အကြမ်းဖက် သမားတို့၏ ကျူးကျော် တိုက်ခိုက်မှု ကို ခံခဲ့ ရသည်မှာ သီတင်း တစ်ပါတ်မျှ ကြာမြင့် ခဲ့ချိန်တွင် ပါကစ္စတန် တပ်မတော် သည် တာလီဘန်တို့ သိမ်းပိုက် ထားသည့် မြို့ရွာများ ကို ပြန်လည် သိမ်းပိုက်ရန် ထိုးစစ် ဆင်နွှဲ တော့မည် ဖြစ်ကြောင်း သိရသည်။

မြို့တော် အစ္စလမ်မာဘတ် နှင့် မိုင် (၆၀) အကွာရှိ အချက်အချာ ကျသော ဘူနာခရိုင်မှ မြို့ရွာများတွင် တပ်စွဲ ထားသော တာလီဘန်များ ကို အမြစ်ပြတ် ချေမှုန်းရန် အစိုးရ တပ်များသည် ဧပြီလ (၂၈) ရက်နေ့က စတင် လှုပ်ရှား လာခဲ့သည်။ အမေရိကန် ပြည်ထောင်စု ကလည်း ပါကစ္စတန် ပြည်ထောင်စု ၏ စစ်ရေး လှုပ်ရှားမှုများ ကို ထောက်ခံခဲ့ပြီး ယခုအခါ တပ်သား (၆၀၀၀) ခန့်တို့သည် အိန္ဒိယနိုင်ငံ နယ်စပ်အနီးမှဖြတ်ကျော်ကာ တာလီဘန် တို့အား တိုက်ခိုက်ရန် ပြင်ဆင် နေပြီဟု သိရသည်။ စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ က အစိုးရ တပ်သား အတော်များများ သည် ဒါဂါ ပတ်ဝန်းကျင် တွင် ရဟတ်ယာဉ်များ နှင့် ဆင်းသက် နေရာ ယူထားပြီဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

ပါကစ္စတန်အစိုးရက တာလီဘန်တို့ သိမ်းပိုက် ထားသည့် နယ်မြေ အားလုံးကို သိမ်းယူ သွားရန် ပြင်ဆင် နေကြောင်း အတည်ပြု ခဲ့သော်လည်း စစ်ရေး လှုပ်ရှားမှု ကို အလျင်စလို ပြုလုပ်မည် မဟုတ်ဟု ဖြည့်စွက် ကြေညာ သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here