ပြင်သစ်သမ္မကတော်၏ အချစ်ဟောင်းနှင့် ဓာတ်ပုံများ

alt

ပြင်သစ် သမ္မတ ကတော် ကာလာ ဘရူနီဆာကိုဇီ ၏ ချစ်သူဟောင်း ပိုင်ဆိုင်သော ဓာတ်ပုံများ ဖောက်ထွင်း ခိုးယူခံရရာ ကာလာဘရူနီ ၏ ပုဂ္ဂိုလ်ရေး ဓာတ်ပုံများ ပါ သွားကြောင်း သိရှိ ရသည်။

ဧပြီလ (၂၆) ရက်နေ့၊ ကာလာဘရူနီ နှင့် ခင်ပွန်းသည် နစ်ကိုး ဆာကိုဇီတို့ စပိန် နိုင်ငံ သို့ ရောက်ရှိ နေချိန်တွင် ကာလာဘရူနီ ၏ ချစ်သူဟောင်း ရာဖေး အန်သာဗန် ၏ ညီ ဖြစ်သူ အိမ်သို့ သူခိုးများ ဖောက်ထွင်း ၀င်ရောက်ရာ မှ ယခုလို ဓာတ်ပုံများ ပါသွား ခြင်း ဖြစ်သည်။ ရာဖေး သည် ၎င်း နှင့် (၈) နှစ်အရွယ် သားတစ်ဦး ရပြီး မှ လမ်းခွဲ ခဲ့သည့် ကာလာဘရူနီကို စိတ်နာကာ ထိုပုံများကို ညီဖြစ်သူ ရုပ်ရှင် မင်းသား ဂျူလီယန် ၏ အိမ်တွင် ထားရှိ ခဲ့ရာမှ ယခုလို အခိုးခံ ရခြင်း ဖြစ်သည်။ ဓာတ်ပုံများ အတွင်း ရာဖေး နှင့် ကာလာဘရူနီ တွဲရိုက် ထားသည့် ပုံများ အပြင် ကာလာဘရူနီ ယခင်က မော်ဒယ် အဖြစ် အရိုက် ခံထားသည့် ၀တ်လစ်စလစ် ဓာတ်ပုံများ လည်း ပါရှိကြောင်း ရဲများ က ဆိုသည်။

ပြင်သစ် ရဲတပ်ဖွဲ့က ပါရီမြို့ တွင် ခိုးယူ ခံရသည့် ပုံများကို သူခိုးများ က လေလံ တင်ရောင်းချခြင်း၊ Online ပေါ်မှ ဖြန့်ဖြူး ခြင်း တို့ ပြုလုပ်ဖွယ် ရှိကြောင်း သုံးသပ် ထားသည်။ သမတ အိမ်တော် ကမူ ထိုဖြစ်ရပ် အတွက် တစုံတရာ မှတ်ချက် ပေးရန် ငြင်းဆန် ထားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here