ဝက်တုပ်ကွေးကြောင့် ဝက်သားတင်ပို့မှု ပိတ်ပင်လာကြ

alt

၀က်တုပ်ကွေး ရောဂါ ပြန့်နှံ့ကူးစက်မှု လျင်မြန်စွာ ပြင်းထန်လာချိန်တွင် အနည်းဆုံး နိုင်ငံပေါင်း (၁၀)ခုတို့သည် နိုင်ငံအတွင်း ၀က်သား တင်ပို့ခွင့်ကို ပိတ်ပင် လိုက်ပြီဖြစ်ကြောင်း ကမာ္ဘ့ ကျန်းမာရေးအဖွဲ့ (WHO) က သတင်း ထုတ်ပြန်လိုက်သည်။

တရုတ်၊ ရုရှား နှင့် ယူကရိန်းနိုင်ငံ တို့သည် တစထက်တစ ကူးစက်မှု လျင်မြန်လာနေသည့် ၀က်တုပ်ကွေး ရောဂါကို ထိန်းချုပ်နိုင်မည့် နည်းလမ်းတရပ် အဖြစ် ၀က်သားတင်ပို့မှုကို တားဆီးလိုက်ခြင်း ဖြစ်ကြောင်းဟု ဆိုသည်။

WHO က ၀က်သားကို အသေအချာ ကျက်အောင် ချက်ပြုတ် စားသောက်ပါက ၀က်သားမှ တဆင့် ထိုရောဂါ ကူးစက်နိုင်ဖွယ် မရှိဟု ကြေညာထားသော်လည်း မလေးရှားနိုင်ငံ ကပါ ၀က်သား တင်သွင်းမှုကို ပိတ်ပင်သွားရန် စဉ်းစားနေပြီ ဖြစ်သည်။

မလေးရှား နိုင်ငံသည် နယ်စပ် ဖြတ်ကျော်ဝင်ရောက်မှု များမှ ၀က်တုပ်ကွေး ကူးစက်မှု မရှိစေရန် မည်သို့ ဆောင်ရွက်သင့်ကြောင်း WHO သို့ မေးမြန်းခဲ့ကြောင်း သိရသည်။ ထိုအချိန်တွင် အမေရိကန် ပြည်ထောင်စုကလည်း မက္ကစီကို နိုင်ငံသို့ လုံးဝ သွားရောက်ခြင်း မပြုကြရန် ၎င်းတို့၏ နိုင်ငံသားများကို နှိုးဆော်ထားသည်။

မက္ကစီကို နိုင်ငံအတွင်း ၀က်တုပ်ကွေးကြောင့် သေဆုံးသူဦးရေမှာ ဧပြီလ (၂၉) ရက်နေ့တွင် (၁၅၉) ဦးထိ ရှိလာပြီဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here