တမီလ်ကျား သူပုန်များအား တိုက်ခိုက်နေမှု ရပ်ဆိုင်းထားမည်

alt

သိရိလင်္ကာနိုင်ငံ မြောက်ပိုင်းတွင် ခိုအောင်း နေသော တမီကျား သူပုန်များ၏ အခြေစိုက် စခန်းများသို့ ဒုံးကျည် လက်နက်များ နှင့် ပစ်ခတ် တိုက်ခိုက် နေမှု ကို ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း သီရိလင်္ကာ အစိုးရက ဧပြီ (၂၇) ရက်နေ့ တွင် ကြေညာချက် ထုတ်ပြန် လိုက်သည်။

တမီကျား သူပုန်တို့က အစိုးရ စစ်တပ်မှ ပစ်ခတ် လိုက်သော ဒုံးကျည်များ၊ မော်တာ နှင့် အခြား လက်နက်ကြီးများကြောင့် ဒေသခံ ပြည်သူ အများအပြား သေဆုံး နေကြောင်း စွပ်စွဲခဲ့ ပြီးနောက် ယခု ကြေညာချက် ကို ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။

အစိုးရ က ထုတ်ပြန် ထားမှုအရ ၎င်းတို့ သည် သူပုန်များ ကို တိုက်ခိုက် နေသည့် လက်နက်ကြီး အင်အားကို လျှော့ချခြင်းဖြင့် ဒေသခံ ပြည်သူများ ၏ လုံခြံုရေး အပေါ် အလေးထား ဆောင်ရွက် သွားမည်ဟု သိရှိ ရသည်။

သီရိလင်္ကာ စစ်တပ်သည် မဟာဗျူဟာမြောက် တိုက်လေယာဉ်များ၊ တင့်ကားကြီးများ အပါအဝင် ခေတ်မီ တိုက်ခိုက်ရေး ယန္တယားများ ကို အသုံးပြုပြီး ပြင်းပြင်း ထန်ထန် ထိုးစစ် ဆင်နွှဲ နေခြင်းဖြစ်သည်။

လက်တလော အခြေအနေတွင် လက်နက် အင်အားကို ခေတ္တ လျှော့ပေါ့ ထားမည် ဖြစ်သော်လည်း ကျား သူပုန်များ နှင့် စေ့စပ် ဆွေးနွေးခြင်း၊ အပစ်အခတ် ရပ်စဲခြင်းတို့ လုံးဝပြု လုပ်မည် မဟုတ်ကြောင်း လည်း အစိုးရက ပြတ်ပြတ်သားသား သတင်း ထုတ်ပြန် ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here