တောင် အာဖရိကနိုင်ငံ လွတ်လပ်ရေး အခမ်းအနား ကျင်းပ

alt

တောင်အာဖရိက နိုင်ငံသည် (၁၅) နှစ်မြောက် လွတ်လပ်ရေး နေ့ အခမ်းအနား ကို ကျင်းပခဲ့ကြောင်း သိရှိ ရသည်။

ဧပြီလ (၂၇) ရက်နေ့က အခမ်းအနား သည် အာဖရိက အမျိုးသား ကွန်ဂရက် (ANC) ပါတီ အောင်ပွဲ ခံခဲ့သည့် ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပ နိုင်ခဲ့သော အထိမ်းအမှတ်လည်း ဖြစ်သည်။

ဒါဘန် တွင် ပြုလုပ်သော ပျော်ပွဲ ရွှင်ပွဲများ အတွင်း ဇူးလူးဒေသခံ များပါ ပျော်ရွှင်စွာ ၀င်ရောက် ဆင်နွှဲ ခဲ့ကြောင်း သိရှိရသည်။ ANC ပါတီသည် (၄) ကြိမ်မြောက် ရွေးကောက်ပွဲ အောင်မြင်မှု အတွက် ဂုဏ်ပြုပွဲတရပ် ကျင်းပခဲ့ပြီး ယခု ရွေးကောက်ပွဲတွင် အောင်ပွဲ ခံခဲ့သည့် ဂျက်ကော့ ဇူးမား သည် မေလ (၆) ရက် နေ့တွင် နိုင်ငံတော် သမတ ရာထူးကို စတင်တာဝန် ယူတော့မည် ဖြစ်သည်။

ဇူးမား အနေနှင့် မဲ အရေအတွက် စုစုပေါင်း ၏ ထက်ဝက်ကျော် ကို ရရှိ ခဲ့သော်လည်း သတ်မှတ် ထားသည့် မဲ အရေအတွက် အားလုံး ၏ (၆၆.၀၃) ရာခိုင်နှုန်း ကို ရရှိခဲ့ခြင်း မရှိသဖြင့် ညွန့်ပေါင်း အစိုးရ တရပ် အဖြစ်ဖွဲ့စည်း သွားဖွယ် ရှိကြောင်းလည်း သိရသည်။ ANC ပါတီကမူ ဇူးမား ဖွဲ့စည်းမည့် အစိုးရ အဖွဲ့မှ ကက်ဘိနက် အဖွဲ့ဝင်များကို အတည်ပြု ကြေညာရန် ငြင်းဆို ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here