မက်ဒေါနား နေအိမ် နားက အိမ် အား ခင်ပွန်းဟောင်း ဝယ်

alt

မက်ဒေါနား ၏ ခင်ပွန်းဟောင်း ဂိုင်းရစ်ချီ က မက်ဒေါနား ပိုင်ဆိုင်သော လန်ဒန် နေအိမ်အနီးတွင် အိမ်တလုံး ၀ယ်ယူ ခဲ့ကြောင်း သိရှိရသည်။

ဗြိတိသျှလူမျိုး ရုပ်ရှင် ဒါရိုက်တာ တဦးဖြစ်သည့် ရစ်ချီ က ယခုကဲ့သို့ မက်ဒေါနား နှင့် အိမ်ချင်း နီးအောင် နေထိုင်ခြင်းဖြင့် ၎င်း၏သား (၂) ဦးကို အချိန်မရွေး တွေ့ဆုံခွင့် ရရှိရန် စီစဉ် ထားကြောင်း ရစ်ချီ၏ မိတ်ဆွေများ က ပြောကြား လိုက်ကြသည်။

ရစ်ချီ နှင့် မက်ဒေါနား တို့သည် အိမ်ထောင်သက် (၈) နှစ်ကြာ ပြီးနောက် မနှစ်က နိုဝင်ဘာလ အတွင်း နှစ်ဦးသဘောတူ ကွာရှင်း ပြတ်စဲ ခဲ့ကြသည်။ ၎င်းတို့သည် (၈) နှစ်သား ရော့ဒ်ကို နှင့် (၃) နှစ် သား ဒေးဗစ် ဘန်ဒါ တို့အား အလှည့်ကျ အုပ်ထိန်းရန် တရားရုံးက ညှိနှိုင်း ပေးထားသည်ဟု သိရှိရသည်။

ရစ်ချီ အနေနှင့် ၀စ်ရှိုင်းယား အရပ်တွင် နေအိမ်တလုံး ၀ယ်ယူ ထားသော်လည်း လက်ရှိ အချိန်တွင် ၎င်း၏ သားများသည် မိခင်နှင့်အတူ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ သို့ ရောက်ရှိ နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here