ဗြိတိန်နိုင်ငံတွင် ဝက်တုပ်ကွေး ဖြစ်ပွားမှု တွေ့ရှိ

alt

မက္ကစီကို နိုင်ငံတွင် ဆိုးရွားစွာ ပြန့်နှံ့ ကူးစက် နေသော ၀က်တုပ်ကွေး ရောဂါသည် ဗြိတိန်နိုင်ငံ သို့လည်း ရောက်ရှိလာပြီ ဖြစ်ကြောင်း ဗြိတိန် ကျန်းမာရေး ၀န်ကြီးဌာန က ကြေညာ ခဲ့သည်။

ဧပြီလ (၂၈) ရက်နေ့က ဗြိတိန် မှ မက္ကစီကို သို့ အလည်အပတ် သွားရောက် ခဲ့သော လင်မယား နှစ်ဦး သည် အဆိုပါ ဗိုင်းရပ်စ် ကူးစက်ခံ ရကြောင်း ကျန်းမာရေး အာဏာပိုင်များ က အတည်ပြုခဲ့ပြီး နိုင်ငံအတွင်း ၀က်တုပ်ကွေး ရောဂါဖြစ်ပွား နေသည်ဟု သံသယ ရှိနိုင်သော လူနာ ဦးရေမှာ (၁၅) ဦး ရှိကြောင်းလည်း သိရှိ ရသည်။

လက်ရှိ အချိန်တွင် မက္ကစီကို နိုင်ငံမှာ အဆိုပါ ရောဂါ၏ ဒါဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရပြီး လူ (၁၄၉) ဦးသေကာ (၂၆) ဦးမှာလည်း ရောဂါကူးစက် ခံထားရသည်။ ထိုရောဂါ ကူးစက်နေပြီဟု ယုံကြည်ရသည့် အနေအထား ရှိသော ဖျားနာသူ ဦးရေမှာ (၁၆၁၄) ဦးရှိသည်။ အမေရိကန် ပြည်ထောင်စုတွင်မူ ရောဂါကူးစက် ခံ ရသူ (၄၀)ရှိပြီး ကနေဒါတွင် (၆) ဦးရှိသည်။

စပိန်တွင် (၁) ဦး ကူးစက်ခံထား ရပြီး သံသယရှိဖွယ် အနေအထားမျိုး ကြံုနေရသူ (၁၇) ဦးရှိသည်။ ထို့အပြင် နယူးဇီလန်၊ ဆွီဒင်၊ ဒိန်းမတ်၊ အိုင်ယာလန်၊ အစ္စရေး၊ ဘရာဇီး၊ ဩစတြေးလျ၊ အီတလီ၊ ဆွစ်ဇာလန်နှင့် ဟောင်ကောင် နိုင်ငံများ တွင်လည်း ရောဂါကူးစက် နေပြီဟု သံသယရှိဖွယ် လူနာများကို တွေ့ရှိ ထားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here