ဒုတိယအကြိမ် နျူကလီယား စမ်းသပ်မှု ပြုလုပ်ဦးမည်ဟု မြောက်ကိုရီးယား ပြောကြား

alt

အမေရိကန် ပြည်ထောင်စု၏ ပိတ်ဆို့မှု များကို တုန့်ပြန် အာခံသည့် အနေနှင့် ဒုတိယ အကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုများ ပြုလုပ်သွားရန် မြောက်ကိုရီးယား နိုင်ငံက ပြင်ဆင်နေကြောင်း သိရှိရသည်။

ကုလသမဂ္ဂ လုံခြံုရေးကောင်စီက နျူထိပ်ဖူးတပ် ဒုံးကျည်များ ပစ်လွှတ် စမ်းသပ်မှုကို မပြုလုပ်ရန် ပန်ကြားထားသော်လည်း ကွန်မြူနစ် အစိုးရ အုပ်ချုပ်နေသည့် နိုင်ငံက ၎င်းတို့၏ လုပ်ဆောင်ချက်များကို အရှိန်အဟုန် မပြတ် ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်သည်။

ဧပြီလ(၅) ရက်နေ့က အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများ တားမြစ်နေသည့်ကြားမှ ဂြိုဟ်တုတလုံးကို ကမာ္ဘပတ်လမ်းကြောင်း အတွင်း ပစ်လွှတ်လိုက်သည့် မြောက်ကိုရီးယားသည် ယခုအခါ နောက်ထပ် စမ်းသပ်မှုတစ်ခု ပြုလုပ်ရန် ကြံစည်လျက်ရှိကြောင်း သိရသည်။

မြောက်ကိုရီးယား နိုင်ငံက အမေရိကန်သည် ၎င်းတို့အား ဖိအားပေးနေကြောင်း စွပ်စွဲခဲ့ပြီး (၆)နိုင်ငံထိပ်သီး နျုကလီးယား ဆွေးနွေးပွဲမှ ဧပြီ(၁၄)ရက်တွင် နှုတ်ထွက်ခဲ့သည်။ ထို့အပြင် ဧပြီလ(၂၅)ရက်နေ့က ၎င်းတို့အနေနှင့် နျူကလီးယား ထုတ်လုပ်မှု လုပ်ငန်းစဉ်များ ပြန်လည် အကောင်အထည် ဖော်နေပြီဟု ကြေညာခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့ကမူ မြောက်ကိုရီးယားသည် နည်းပညာနှင့် ဆိုင်သောနောက်ထပ် ခြေလှမ်းသစ်တခုကို စတင် လှမ်းနေပြီဟု ယူဆရကြောင်း သုံးသပ် ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here