မြန်မာနိုင်ငံတွင်လည်း ဝက်တုပ်ကွေးအတွက် ပြင်ဆင်နေ

alt

၀က် တုပ်ကွေးရောဂါ အာရှ ဒေသဘက်သို့ ပြန့်နှံ့ လာပြီဟူသော သတင်းများ ထွက်ပေါ်လာ ပြီးနောက် မြန်မာနိုင်ငံ တွင်လည်း လိုအပ်သော ကာကွယ်မှုများ စတင် ပြုလုပ်နေပြီဟု

နေပြည်တော်ရှိ ကျန်းမာရေး ၀န်ကြီး ဌာနက ဧပြီလ (၂၉) ရက်နေ့က သတင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၏ နယ်စပ်ဂိတ်များ၊ လေယာဉ်ကွင်းများ၊ ဆိပ်ကမ်းများမှ တဆင့် ၀င်ရောက် လာသူများကို Bio Security အတိအကျ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ကျန်းမာရေး ၀န်ကြီးဌာနက ဆိုသည်။

ဓာတ်ခွဲခန်း များအားလည်း ၀က်တုပ်ကွေး ဗိုင်းရပ်စ်အား အမျိုးအစား ခွဲခြား သိရှိနိုင်ရန် မွမ်းမံသွားမည်ဟု ၀န်ကြီးဌာန၏ တာဝန်ရှိသူ တဦးမှ ပြောကြား လိုက်သည်။

ထို့အပြင် အစိုးရ အဖွဲ့အစည်းများ၊ သတင်း မီဒီယာများသည်လည်း အမျိုးသားရေး တာဝန်တရပ် အနေနှင့် ၀က်တုပ်ကွေး တိုက်ဖျက်ရေး နှိုးဆော်မှုများ ပြုလုပ်သွားရန် ညွှန်ကြားသွားမည်ဟု ကျန်းမာရေး ၀န်ကြီးဌာနက အတည်ပြုခဲ့သည်။

လက်တလော အနေအထားများ အရ မြန်မာနိုင်ငံအတွင်း ၀က်တုပ်ကွေး ကူးစက် ပြန့်ပွားနေသည့် အထောက်အထားမျိုး မတွေ့ ရသေးသည့်တိုင် လိုအပ်သော ကာကွယ်မှုများ ကြိုတင် ဆောင်ရွက်သွားမည်ဟု ၀န်ကြီးဌာနက အလန့်တကြား ကြေညာထားသည်ကို ထောက်ရှု၍ လွန်ခဲ့သော နှစ်များဆီက ကြက်ဌက် တုပ်ကွေး ဖြစ်ကာ မြန်မာနိုင်ငံတွင်း သေဆုံးသူ လုံးဝမရှိခဲ့ဟု  မြန်မာ စစ်အစိုးရ ငြင်းဆန်ချက် အပေါ် သံသယကြီးကြီး ထားစောင့်ကြည့် ရဦးမည်ဟု ပြည်ပရောက် ကျန်းမာရေး ဝန်ထမ်းများမှ မှတ်ချက်ပြုကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here