ဘာသာရေး ထိခိုက်စေသည့် အွန်လိုင်းဂိမ်း ဖယ်ရှားခံရ

alt

အရှိန်အဝါ ကြီးမားသော မွတ်ဆလင် ဘာသာရေး အဖွဲ့အစည်း တခု၏ ဖိအားပေး တောင်းဆိုမှုကြောင့် Online Game တခုအား အင်တာနက်မှ ဖယ်ရှားပစ်ခြင်း ခံခဲ့ရကြောင်း သိရသည်။

မောလီဒက် စာဒြီးယား အမည်ရှိ ဂိမ်းပညာရှင်တဦး ရေးဆွဲခဲ့သည့် ဂိမ်းသည် Keyboard ဖြင့် ကစားရသည့် Fighting Game အမျိုးအစား တမျိုးဖြစ်ပြီး Faith Fighter ဟု အမည် ပေးထားသည်။

ထို Game အတွင်းတွင် ပါ၀င်သော တိုက်ခိုက်ရေး ပညာရှင်များမှာ – ခရစ်တော်၊ ထာဝရ ဘုရားသခင်၊ အန်းကုန်း ဘိုးတော်၊ မိုဟာမက်၊ မဟာပိန်းနဲ နတ်ဘုရား နှင့် ဗုဒ္ဓ တို့ဖြစ်ပြီး အားလုံးမှာ ကမာ္ဘပေါ်တွင် အင်အားအကြီးဆုံး ကိုးကွယ် ယုံကြည်မှု ဘာသာကြီးများ၏ အထွတ်အမြတ် ကိုးကွယ်ရာများ ဖြစ်သည်။

ထို Game သည် မွတ်ဆလင်ဘာသာ အပါအဝင် ကမာ္ဘ့ ဘာသာတရားများကို စော်ကားခဲ့ကြောင်း ဆော်ဒီ အာရေးဘီးယား အခြေစိုက် ကမာ္ဘ့ မွတ်ဆလင် အစည်းအရုံးက အပြင်းအထန် ရှုတ်ချပြီး အင်တာနက်မှ ပိတ်ပင်ရန် အကြီးအကျယ် တောင်းဆို ခဲ့ပြီးနောက် ဧပြီလ (၂၈) ရက်နေ့က Faith Figter အား Online မှ ဖယ်ရှားလိုက်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here