အီးတူးအား ရောင်းချ သွားရန် ဘာစီလိုနာ ကြိုးပမ်း

alt

တိုက်စစ်မှူး ဆမ်မြူရယ် အီတူး အား ရောင်းချ သွားရန် ဘာစီလိုနာ က ကြိုးပမ်း နေကြောင်း သိရှိရသည်။

အသင်းဥက္ကဌ ဂျိုးဇက် လာပေါ်တာ သည် အသက် (၂၈) နှစ်အရွယ် ကင်မရွန်း လက်ရွေးစင် တိုက်စစ်မှူး အား ၀ယ်ယူလိုသည့် မန်ချက်စတာ စီးတီး နှင့် ဆွေးနွေးရန် လန်ဒန်သို့ သွားရောက် ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာ ပြီးနောက် ချဲလ်ဆီး နှင့် တော့တင်ဟမ် ဟော့စပါး တို့ကလည်း အခြေအနေကို စိတ်ဝင်တစား စောင့်ကြည့်လျှက် ရှိနေကြသည်။

စပိန်မှ လာသော သတင်းများ၏ အဆိုအရ ဘာစီလိုနာသည် အီတူးအား ပေါင်သန်း (၃၀) ခန့်ဖြင့် မန်ချက်စတာ စီးတီးသို့ ရောင်းချရန် အလိုရှိ နေကြောင်း သိရသည်။

ယခုနှစ် ဘောလုံးရာသီတွင် အသင်းအတွက် စွမ်းစွမ်းတမံ ခြေစွမ်းပြ နေသော်လည်း အီတူး  ၏ အနာဂတ် သည် ဘာစီလိုနာတွင် သေချာခြင်း မရှိသေးဘဲ ဂိုးသွင်း စွမ်းရည် ထက်မြက်သည့် ၎င်းအား  ရရှိရန် ဥရောပထိပ်သီး ကလပ်အသင်း အတော်များများ ကလည်း စိတ်ဝင်စား လျှက်ရှိကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here