AFC ဖလား ဘင်္ဂလားဒေ့ရှ် အား အနိုင်ရ၍ မြန်မာအသင်း မနက်ဖြန် ကမော္ဘဒီးယာနှင့် အုပ်စု ဗိုလ်လုမည်

alt

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒက္ကာမြို့တွင် AFC စိမ်ခေါ်ဖလား ယှဉ်ပြိုင်နေသော မြန်မာအသင်းမှာ ယမန်နေ့က အိမ်ရှင် ဘင်္ဂလားဒေ့ရှ်အား ၂-၁ ဂိုးနှင့် အနိုင်ရ၍ မနက်ဖြန်တွင် ကမော္ဘဒီယား နှင့် ဗိုလ်လု ကစားရမည် ဖြစ်သည်။

ဗွေဆော်ဦးပွဲ မကာအို နှင့် ဂိုးပြတ်အနိုင် ရခဲ့ပြီးနောက် ယမန်နေ့က ဘင်္ဂလားဒေ့ရှ် နှင့် ကစားသောပွဲတွင်  ၁၄၀၀၀သော ဋ္ဌာနေ ပရိသတ်တို့ ဝိုင်းဝန်း အားပေးမှုကြောင့် ပထမပိုင်းတွင် ဘင်္ဂလားဒေ့ရှ် အသင်း အင်တိုက်အားတိုက် ဖိကစားနေပြီး ပွဲစပြီး ၁၂မိနစ် အကြာတွင် မိုဟာမက် အနာမူ ဟုခ် ကန်သွင်း သဖြင့် ဘင်္ဂလားဒေ့ရှ် ဂိုးရ ရှိသွားသည်။

ပထမပိုင်း ဂိုးဝင်ပြီးနောက် မြန်မာအသင်း တည်ငြိမ်စွာ ထိုးဖေါက် ကစားနေသော်လည်း ထိရောက်မှု မရှိသဖြင့် ပထမပိုင်း ပြီးဆုံး ခဲ့ရသည်။ ဒုတိယပိုင်း စသည်နှင့် ကစားကွက် ပြောင်းကာ တွန်းတွန်းတိုက်တိုက် ထိုးဖေါက် ကစားသဖြင့် အလယ်တန်းလူ စိုးပိုင် ၆၈မိနစ်တွင် ၁ဂိုး၊ ရ၇မိနစ်တွင် ၁ဂိုး ၂လုံးဆင့် သွင်းကာ မြန်မာအသင်းအား အုပ်စု ဗိုလ်လုပွဲသို့ ခေါ်ဆောင်သွားခဲ့ပြီး ဖြစ်သည်။

မနက်ဖန်တွင် ကမော္ဘဒီးယားနှင့် ကစားရမည် ဖြစ်သည်။ ကမော္ဘဒီးယား အသင်းမှာ မြန်မာအသင်း ၄ဂိုးပြတ် နိုင်ထားသော မကာအို အသင်းအား ၂ -၁၊ ဘင်္ဂလားဒေ့ရှ် အသင်းအား ၁ – ၀ နှင့် ရှုံးထားသော အသင်းလည်း ဖြစ်ပြီး မြန်မာအသင်းနှင့် နောက်ဆုံးအကြိမ် ၂၀၀၈ ခုနှစ်  ဒီဇင်ဘာလ ၉ရက်နေ့က အာဆီယံဖလားတွင် တွေ့ဆုံဖူးကာ မြန်မာအသင်းအား ၃ – ၂ နှင့် ရှုံးထား ခဲ့ဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here