မက္ကစီကို နိုင်ငံတွင် ငလျင်ပြင်းထန်စွာ လှုပ်ခဲ့

alt

မက္ကစီကို နိုင်ငံအတွင်း ဧပြီလ (၂၇) ရက်နေ့က ရစ်ချ်တာစကေး (၆.၀) အဆင့်ရှိ ငလျင်တခု လှုပ်ခတ် သွားသောကြောင့် မက္ကစီကို စီးတီး မြို့တော်မှ အဆောက်အအုံ တိုက်တာ အတော်များများ ယိမ်းယိုင်

သွားခဲ့ကြောင်း သိရှိ ရသည်။

ငလျင်ကြောင့် သေဆုံးသူ ဦးရေကို တိကျစွာ ဖော်ပြနိုင်ခြင်း မရှိသေးသော်လည်း နှလုံးရောဂါ ထဖောက်သဖြင့် အမျိုးသမီး (၂) ဦး သေဆုံးကြောင်း အာဏာပိုင်များ က ဆိုသည်။

ယခု ငလျင်သည် မက္ကစီကိုစီးတီး အနောက်တောင် အရပ် (၁၃၀)မိုင်အကွာမှ ချီပန်ဆီဂိုကို ဗဟိုပြု လှုပ်ရှားသွားခြင်း ဖြစ်သည်။ မက္ကစီကို နိုင်ငံအတွင်း လတ်တလော ပြန့်နှံ့နေသည့် ၀က်တုပ်ကွေးရောဂါ ဝေဒနာရှင်များ တက်ရောက်ကုသနေသည့် ဆေးရုံများလည်း ငလျင်ဒေသတွင် တည်ရှိနေကြောင်း သိရသည်။

မက္ကစီကို နိုင်ငံသည် ၀က်တုပ်ကွေး ပြန့်နှံ့စွာ ဖြစ်ပွားနေမှုကြောင့် ဧပြီလ (၂၈) ရက်နေ့ထိ လူဦးရေ (၁၄၉) ဦး သေဆုံး ခဲ့ပြီး ဖြစ်ကြောင်း နောက်ဆုံးသတင်း ရရှိထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here