Air Force One စမ်းသပ် ပျံသန်းမှုကြောင့် အမေရိကန် ပြည်သူများ ရုတ်ရုတ်သဲသဲဖြစ်

alt

အမေရိကန် သမတ ဘာရက် အိုဘားမား စီးနင်းမည့် Air Force One လေယာဉ် စမ်းသပ် ပျံသန်းမှုကြောင့် ဧပြီလ (၂၈) ရက်နေ့ နံနက်ပိုင်းက အမေရိကန် ပြည်ထောင်စု၊ နယူးယောက် မြို့တော်တွင်

အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ ရကြောင်း မြို့ခံလူထုများက ပြောကြား ခဲ့သည်။

အိုဘားမား ကိုယ်တိုင် လိုက်ပါ လာခြင်း မရှိသော်လည်း အဆိုပါ Boeing 747 လေယာဉ်သည် မြို့ပေါ်ရှိ တိုက်တာ အဆောက်အအုံများ နှင့် အလွန် နီးကပ်စွာ အနိမ့်ပျံသန်း ခဲ့ချိန်တွင် နယူးယောက် လူထုက နာမည်ကျော် (၉/၁၁) ဖြစ်ရပ်ကြီး ကဲ့သို့ နောက် တကြိမ် အကြမ်းဖက်မှု ဖြစ်ပွားသည်ဟု ထင်မြင်ယူဆကာ တုန်လှုပ် ခဲ့ကြရသည်။

ထို့အပြင် ထိုလေယာဉ်ကြီး နောက်မှ F-16 အမျိုးအစား တိုက်လေယာဉ် ကလည်း လိုက်ပါ လာခဲ့သောကြောင့် လူထု၏ သံသယမှာ ပိုမို ကြီးမားခဲ့ပြီး တိုက်လေယာဉ်သည် အကြမ်းဖက်သမားများ စီးနင်းလာသည့် လေယာဉ်ကြီးအား ပစ်ချ ရန်ပြင်ဆင် နေခြင်းဟု ယုံကြည် ခဲ့ကြသည်။

သို့သော်လည်း နောက်ပိုင်း တွင် မူ Air Force One လေယာဉ် ၏ ကြိုတင် ကြေညာထားခြင်း မရှိသော လေ့ကျင့် ပျံသန်းမှုသာ ဖြစ်ကြောင်း သိရှိချိန်တွင် လူအများမှာ စိတ်ဆိုးဒေါသ ထွက်ခဲ့ရပြီး အာဏာပိုင်များအား ပြစ်တင် ကဲ့ရဲ့ပြောဆို ခဲ့ကြသည်။

နယူးယောက် မြို့တော် အုပ်ချုပ်ရေးအဖွဲ့ ကလည်း ၎င်းတို့အနေနှင့် ကြိုတင်သတင်း ထုတ်ပြန်ရန် ပျက်ကွက်ခဲ့ပြီး ထိုသို့ ဖြစ်ရခြင်းသည် နိုင်ငံတော် လေကြောင်းထိန်းသိမ်းရေး အဖွဲ့၏ ညွှန်ကြားချက်ကြောင့် ကြေညာချက် မထုတ်ပြန်ခဲ့ရခြင်း ဖြစ်သည်ဟု ပြောဆို သွားခဲ့သည်။

alt

LEAVE A REPLY

Please enter your comment!
Please enter your name here