နီကိုးရှားဇင်ဂါ Pussycat Dolls အဖွဲ့မှ နှုတ်ထွက်

alt

PussyCat Dolls အဖွဲ့မှ သူမ နှုတ်ထွက်လိုက်ပြီဟု နီကိုးရှား ဇင်ဂါ က ပြောကြားလိုက်သည်။

သူမအနေ နှင့် အနာဂတ် အနုပညာ လုပ်ငန်းများတွင် တကိုယ်တော်သာ လှုပ်ရှား တော့မည်ဟု အသက် (၃၀) အရွယ် အဆိုတော် က ဆိုသည်။ ဖော်မြူလာဝမ်း ကားမောင်း ချန်ပီယံ လူးဝစ် ဟာမီတန် နှင့် ချစ်သူ ဖြစ်နေသော ဗြိတိန်သူ နာမည်ကျော် အဆိ်ုတော်သည် PussyCat Dolls အဖွဲ့တွင် ဦးဆောင် အဆိုတော်အဖြစ် ရပ်တည် ခဲ့သူဖြစ်ပြီး ယခုအခါတွင် တကိုယ်တော်သာ ရပ်တည်တော့မည် ဖြစ်သည်။

ရှားဇင်ဂါ သည် ဖျော်ဖြေပွဲ တခုတွင် Hush Hush အမည်ရှိ သီချင်းကို သီဆိုခဲ့ရာတွင် သူမ တဦးတည်းသာ သီဆိုသွားပြီး ကျန် PussyCat Dolls အဆိုတော် အမျိုးသမီးများ ကို စင်အောက် သို့ ဆင်းစေခဲ့ရာမှ သူမတို့ ကြားတွင် အက်ကြောင်း ထင်လာခြင်း ဖြစ်နိုင်ကြောင်း ပရိသတ်များ က သုံးသပ်ခဲ့ကြသည်။

အဖွဲ့နှင့် ခွာပြဲသွားသော ရှားဇင်ဂါ ကမူ သူမသည် ချစ်သူ ဟာမီတန် နှင့် စုံတွဲ အယ်လ်ဘမ် တခု ထုတ်သွား နိုင်ရန် ပြင်ဆင် ဆိုင်းပြင်းနေကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here