တကျော့ပြန် Conficker Virus

alt

Conficker Virus သည် တကျော့ပြန် ထိုးနှက်မှုများ ပြန်လည်ပြုလုပ် လာနေပြီဟု ကျွမ်းကျင်သူများ ကဆိုသည်။

မကြာသေးမီက Symantec အင်တာနက် လုံခြံုရေး ကုမ္ပဏီက Conficker အနေနှင့် PC များကို နှောင့်ယှက် ဖျက်ဆီးမှုများ ပြုလုပ် လာနိုင်ကြောင်း သတိပေးခဲ့ပြီး မကြာမီမှာပင် Cisco Systems Inc. က PC ကွန်ပျူတာ ပေါင်း (၁၂) သန်းခန့် ထိ Conficker ၏ ဒါဏ်ကို ခံရဖွယ်ရှိပြီး ကွန်ပျူတာ တလုံး သည် တနေ့လျှင် Spam Mail (၁၀၀၀၀) မှ (၂၀၀၀၀) အထိ ပေးပို့ခြင်း ခံရနိုင်ကြောင်း ပြောကြားလိုက်သည်။

ယခုလ အစောပိုင်းက Conficker ၏ တိုက်ခိုက်မှုကို ခံထားရသည့် ကွန်ပျူတာများတွင် အတုအယောင် Antivirus Software များ ကြော်ငြာရောင်းချမှုကို တွေ့ရှိခဲ့ကြရပြီး ထို့ထက်ပိုပြီး အန္တရာယ် ရှိလာမည့် အလားအလာများ ရှိနေကြောင်း Cisco ၏ လုံခြံုရေး သုတေသီအဖွဲ့ ခေါင်းဆောင် ပက်ထရစ် ပီတာဆန်က ပြောကြားခဲ့သည်။

၎င်းက Conficker ၏ ထိုးဖောက်မှုသည် နိုင်ငံတကာ ရာဇဝတ်မှုကြီး တခု ဖြစ်လာသည် အထိ ကြီးမား ကျယ်ပြန့်လာ နေကြောင်း သတိပေး ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here