ဩစတြေးလျတွင် ငှက်မျိုးစိတ်သစ် တွေ့ရှိ

alt

ဩစတြေးလျ နိုင်ငံအတွင်း အပြာရောင် ရှိသော စာကလေး တကောင်ကို ပညာရှင် များက မှတ်တမ်း တင်နိုင်ခဲ့ကြောင်း သိရှိ ရသည်။

ဆစ်ဒနီရှိ ဥယျာဉ်တခု အတွင်း လာရောက် ကျက်စားနေသည့် အဆိုပါ စာကလေး ငှက်ကို လင်မယား နှစ်ဦးက ဓာတ်ပုံ ရိုက်ပြီးနောက် သတ္တဗေဒ ပညာရှင်များထံ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ အပြာရောင် စာကလေး ငှက်မျိုးကို တခါမှ မမြင်ဖူးကြောင်း ဓာတ်ပုံ ရိုက်ခဲ့သည့် အမျိုးသမီး ကဆိုသည်။ တိရစ္ဆာန် လေ့လာရေး ပညာရှင်တဦး ဖြစ်သည့် မိုင်ရတ် လန်ပါစကီး က ထိုငှက်သည် မျိုးဗီဇဆိုင်ရာ ပြောင်းလဲမှု အချို့ကြောင့် ယခုကဲ့သို့ သဘာဝအရောင်မှ ပြောင်းသွားခြင်း ဖြစ်နိုင်ကြောင်း မှတ်ချက် ပြုခဲ့သည်။

မိုင်ရတ် က ၎င်းအနေနှင့် ဓာတ်ပုံများကို တွေ့ရှိပြီးနောက် အင်တာနက် တွင် အပြာရောင် စာကလေး ငှက်နှင့် ပတ်သက်သော မှတ်တမ်း မှတ်ရာများကို ရှာဖွေခဲ့သည့်တိုင် လုံးဝ ရှာမတွေ့ခဲ့ကြောင်း ပြောကြားခဲ့ပြီး ယခုမှတ်တမ်း တင်နိုင်ခဲ့သည့် စာကလေး မှာ ကမာ္ဘ့ပထမဆုံး စာကလေး အပြာရောင် ဖြစ်နိုင်သည်ဟု သုံးသပ် ပြောဆိုခဲ့သည်။

မှတ်တမ်းများ အရ သာမန်စာ ကလေးငှက်များသည် ယခင်က ဩစတြေးလျ နိုင်ငံတွင် ကျက်စားခဲ့ခြင်း မရှိဘဲ ဗြိတိန် မှတဆင့် (၁၈၆၃) ခုနှစ်တွင် သယ်ဆောင် ဖြန့်ဖြူး ပေးခဲ့ကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here