ချဲလ်ဆီးအသင်းကို အနိုင်ယူရန် အသင့်ရှိဟု ဟင်နရီ ပြောကြား

alt

ချဲလ်ဆီး ကို အနိုင်ယူရန် ဘာစီလိုနာ အသင်း အနေနှင့် အဆင်သင့် ဖြစ်နေပြီ ဟု တိုက်စစ်မှူး သီအာရီ ဟင်နရီက ပြောကြား လိုက်သည်။ အသက် (၃၀) အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး

က ယခု သီတင်းပါတ်အတွင်း ယှဉ်ပြိုင် ကစားမည့် ဥရောပ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အတွက် ဘာစီလိုနာ တသင်းလုံး စိတ်ဓာတ်တက်ကြွ နေပြီဟု ဆိုသည်။

စပိန် လာလီဂါတွင် ဗလန်စီယာ အား (၂) ဂိုးစီ သရေကျ ခဲ့သော ပွဲစဉ် အပြီး ဟင်နရီက ယခုကဲ့သို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။ ဘာစီလိုနာ သည် ယခုနှစ် ချန်ပီယံလိဂ် တွင် ဗိုလ်စွဲမည် ဟု ထိပ်ဆုံး မှ ရေပန်းစားနေသည့် အသင်းလည်း ဖြစ်သည်။

အာဆင်နယ် တွင် ကာလ ကြာရှည်စွာ ကစားခဲ့ဖူးပြီး အင်္ဂလန် ဘောလုံးလောက နှင့် မစိမ်းသည့် ဟင်နရီ က ဘာစီလိုနာ အနေနှင့် လန်ဒန်အခြေစိုက် ချဲလ်ဆီး ကို ဖြတ်ကျော်ရန် မဖြစ်မနေ လိုအပ်ကြောင်း အသင်းသားတိုင်း ရဲရဲရင့်ရင့် နှလုံးသွင်း ထားသည်ဟု ပြောဆို သွားသည်။

ထိုပွဲသည် ခက်ခဲသည့် ပွဲတပွဲ ဖြစ်လာမည်မှာ သေချာနေကြောင်း၊ သို့သော်လည်း နည်းပြ ပက်ဂွာဒီယိုလာ ၏ ဦးဆောင်မှုဖြင့် တသင်းလုံး အကောင်းဆုံး ကြိုးစားကာ ချဲလ်ဆီးကို ကျော်ဖြတ် နိုင်မည်ဟု ယုံကြည်ထားကြောင်း ဟင်နရီ က ထုတ်ဖော် ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here