AFC ဖိတ်ခေါ်ဖလား – မကာအိုအား ဂိုးပြတ်နိုင်သည့် မြန်မာအသင်း

alt

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒက္ကားမြို့ ရှိ ဘင်ဂဘင်ဒူ အမျိုးသား အားကစားရုံ စတေဒီယမ်တွင် တနင်္ဂနွေနေ့ က ကျင်းပသော ပွဲစဉ်များတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ အနိုင်ရ၍

၂၀၁၀ တွင်ကျင်းပမည့် AFC Challenge Cup အောင်မြင်မှု ခြေလှမ်းများ ပင်ဖြစ်သည်။

မြန်မာနှင့် မကာအိုတို့ ကန်သောပွဲတွင် ပွဲစပြီး ၃မိနစ် အကြာ မြန်မာအသင်း နောက်တန်းလူ ခင်မောင်လွင် သည် မကာအို နောက်တန်းလူ လင်ချောင်ကစ် ကာကွယ်နေသည့် ကြားမှ ခေါင်းတိုက် သွင်းယူ သဖြင့် ဗွေဆော်ဦး ဂိုးရရှိခဲ့သည်။

ဆက်လက်၍ အချိတ်ဆက်မိမိ ကစားရာ ၁၅မိနစ် အကြာတွင် အလယ်တန်းလူ ရာဇာဝင်းသိန်း မှခေါင်းတိုက်၍ ဒုတိယဂိုး သွင်းယူခဲ့ပြီး ဒုတိယပိုင်း စပြီး ၃မိနစ်အကြာတွင်  အလယ်တန်းလူ မျိုးမင်းထွန်း ခက်ခက်ခဲခဲ ကန်သွင်းယူ၍ တတိယဂိုးရရှိ ခဲ့ပြန်သည်။

ဒုတိယပိုင်းတွင် မြန်မာအသင်းမှ ကစားနေသော ၄-၄-၂ ပုံသဏ္ဍာန်၏ အမှားများအား ပြုပြင်လိုက်ပြီး မကာအိုအသင်း၏ အမှားများအား စောင့်နေကာ ၅၉မိနစ်တွင် ဒေါင့်ကန်ဘောမှ တဆင့် မြန်မာအသင်း ကပ္ပတိန်မျိုးမင်းထွန်း စတုတ္ထဂိုးသွင်း ယူလိုက်၍ မကာအို အသင်းအား ၄ဂိုးပြတ်ဖြင့် အနိုင်ရရှိသွားသည်။

မြန်မာအသင်းနည်းပြ တင်မြင့်အောင်က ပွဲအပြီးတွင် သူ၏ အသင်းအား ချီးကျူးလိုက်ပြီး “ဒီလောက်ပူတဲ့ ရာသီချိန်မှာတောင် အရည်အသွေးကောင်းတွေ ထုတ်ပြ ကစားနိုင်တယ် ဆိုတာ ညီညွတ်မှုကြောင့်” လို့ ပြောဆိုလိုက်သည်။ ယခု AFC Challenge ပွဲ အောင်မြင်ပါက နောင်နှစ်တွင် ၈နိုင်ငံ ကစားပွဲ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here