ဗြိတိန် သူကြွယ်တို့ ချမ်းသာကြွယ်ဝမှု ပေါင်စတာလင် ပေါင်းများစွာ လျော့ကျသွား

alt

ဗြိတိန်နိုင်ငံ၏ အကြွယ်ဝဆုံး သူကြွယ် (၁၀၀၀) တို့၏ ချမ်းသာ ကြွယ်ဝမှု စုစုပေါင်းသည် တနှစ်အတွင်း ပေါင်စတာလင် (၁၅၅) ဘီလျံ အထိလျော့ ကျ သွားခဲ့ကြောင်း သိရှိရသည်။

အထူးသဖြင့် လန်ဒန် အခြေစိုက် အိန္ဒိယ စတီးလ် လုပ်ငန်းပိုင်ရှင် သူဌေးကြီး လက်ရှ်မီ မစ်တဲ သည် စီးပွားပျက်ကပ် ၏ ရိုက်ခတ်မှုကို အဆိုးရွားဆုံး ခံခဲ့ရပြီး ၎င်း ပိုင်ဆိုင်သည့် ဓန အင်အားမှ (၆၁) ရာခိုင်နှုန်းကို ဆုံးရှုံး လိုက်ရသည်။

ပြီးခဲ့သော (၅) နှစ်ဆက်တိုက် ဗြိတိန် နိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ရပ်တည်ခဲ့သော မစ်တဲသည် ပိုင်ဆိုင်မှု ပမာဏ ပေါင် (၂၇.၇)  ဘီလျံမှ (၁၀.၈) ဘီလျံအထိ ကျဆင်းသွားမှု နှင့် ရင်ဆိုင်ခဲ့ရသည်။

ချဲလ်ဆီး အသင်းကို ပိုင်ဆိုင်ထားသော ရုရှားလူမျိုး သန်းကြွယ် သူဌေးကြီး ရိုမန် အက်ဗရာ မိုဗစ် မှာ ဒုတိယအကြီးဆုံး ဆုံးရှုံးမှု နှင့် ကြံုတွေ့ရသည့် သူကြွယ်ကြီး ဖြစ်ပြီး ၎င်း  အနေနှင့် ပေါင်စတာလင် (၄.၇) ဘီလျံမှ (၇) ဘီလျံအထိ ဆုံးရှုံးခဲ့ကြောင်း သိရသည်။ သို့သော်လည်း မစ်တဲ၏ အရှုံးပေါ်မှုသည် အက်ဗရာမိုဗစ် ထက် (၃) ဆ အထိ ပိုမိုများပြား နေခဲ့သေးသည်။

လုပ်ငန်းရှင် သူဌေးကြီး အတော်များများသည် ငွေကြေး ဆုံးရှုံးမှုများနှင့် ကြံုခဲ့ရသော်လည်း အနုပညာရှင်များ ဖြစ်သည့် ဒင်နီ ရက်ကလစ်နှင့် ကီရာနိုက်တလီ တို့မှာမူ တနှစ်အတွင်း ပိုင်ဆိုင်သော ငွေကြေးများ တိုးပွားလာက ရက်ကလစ်က ပေါင် (၁၀) သန်း၊ နိုက်တလီက ပေါင် (၉) သန်းထိ ပိုင်ဆိုင်မှု ပိုများလာကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here