ခရစ်ဘရောင်း အား မိုက်တိုင်ဆန် ကာကွယ် ပြောကြားပေး

alt

ချစ်သူဟောင်း ရီဟာနာ အား ထိုးကြိတ် ခဲ့မှုအတွက် တရားရင်ဆိုင် နေရသည့် ခရစ်ဘရောင်း အား မိုက်တိုင်ဆန်က ကာကွယ် ပြောကြား လိုက်သည်။

ကမာ္ဘ့ ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံ ဟောင်းကြီး မိုက် က ခရစ်ဘရောင်း သည် ခလေးငယ် တစ်ဦးမျှ သာဖြစ်ပြီး အမှန်အမှား ကို ဝေခွဲနိုင်စွမ်း မရှိ နိုင်သေးကြောင်း ပြောဆိုခဲ့သည်။

အသက် (၁၉) နှစ်သာ ရှိသေးသည့် ခရစ် အား ယခု ကဲ့သို့ စွဲချက်ကြီးများ တင်ကာ အမှု ရင်ဆိုင် စေခြင်းသည် မမျှတကြောင်း လည်း မိုက် က ဆိုသည်။ ကိုယ်တိုင် ကလည်း လူမိုက် လူကြမ်းကြီး တစ်ဦး အဖြစ် နာမည်ကျော်ခဲ့သော မိုက်မှာ ဘရောင်း ကဲ့သို့ ပြစ်မှုမျိုးအတွက် စွဲချက် တင်ခံရခဲ့ဖူးပြီး ဇနီးဟောင်းအား ရိုက်နှက်မှုအတွက် တရားရင်ဆိုင် ရဖူးသူ ဖြစ်သည်။

ယခု ဖြစ်ရပ်သည် ရီဟာနာ နှင့် ခရစ် တို့၏ ကိုယ်ရေးကိုယ်တာ မျှသာ ဖြစ်သော်လည်း ပတ်ဝန်းကျင် ၏ စွက်ဖက်မှု များကြောင့် ကြီးကျယ် သွားခဲ့ကြောင်း မိုက် က ထောက်ပြ ပြောကြားခဲ့သည်။

ခရစ်သည် ရီဟာနာ ၏ မျက်နှာကို ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် ရိုက်နှက်ခဲ့မှု အတွက် တရားစွဲခံရသော်လည်း ၎င်းကမူ တရားခွင်တွင် ပြစ်မှုမကျူးလွန် ခဲ့ကြောင်း ငြင်းဆန် ထားစဲ  ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here