မြောက် အမေရိကတိုက်တွင် ဝက်တုပ်ကွေး ပျံနှံ့ ဖြစ်ပွားနေ

alt

မြောက် အမေရိကတိုက် တွင် ၀က်တုပ်ကွေး ရောဂါ စတင် ပြန့်နှံ့ နေကြောင်း မက္ကစီကိုနိုင်ငံ အစိုးရက ဧပြီလ (၂၃) ရက်နေ့တွင် တရားဝင် ကြေညာခဲ့ပြီး နောက် (၄) ရက် အကြာတွင် မက္ကစီကိုနိုင်ငံ အတွင်း ထိုရောဂါဖြင့် သေဆုံးသူဦးရေ (၈၀) ကျော်သွားပြီ ဟု သိရသည်။

မက္ကစီကို မှ လူဦးရေ (၁၀၀၀) ကျော်မျှ ၀က်တုပ် ကွေးရောဂါ ကူးစက်မှု ခံနေရသလို အိမ်နီးချင်း အမေရိကန် နှင့် ကနေဒါ နိုင်ငံများ သို့လည်း ပြန့်နှံ့ ကူးစက်ခဲ့ပြီး အမေရိကန် တွင် အယောက် (၂၀)၊ ကနေဒါ တွင် လူ (၆) ဦးအထိ ရောဂါ ကူးစက် ခံရကြောင်း သက်ဆိုင်ရာ အစိုးရများ က အတည်ပြု ပြောဆို ခဲ့သည်။

အဆိုပါ ၀က်တုပ်ကွေး ရောဂါသည် ၀က်များနှင့် နီးနီးစပ်စပ် နေရသော မွေးမြူရေး လုပ်သားများ သို့ အဓိက ကူးစက်လေ့ရှိပြီး ထို ရောဂါ ကူးစက်သည့် ဗိုင်းရပ်စ် မှာ ၀က်သားစား ခြင်းဖြင့် လူထံ သို့ မကူးစက်ဘဲ လေထဲမှသာ ပြန့်နှံ့ ကူးစက်ကြောင်း သိရသည်။

အထူးသဖြင့် ချောင်းဆိုးခြင်း၊ နှာချေခြင်း စသည့်အပြုအမူ များကြောင့် ၀က်တုပ်ကွေး ဗိုင်းရပ်စ်များ လေထဲတွင် ရောက်ရှိပြီး လူကိုကူးစက် စေတတ်သည်။ သာမန် အားဖြင့် ထို ရောဂါ သည် လူကို ကူးစက်ရန် ခဲယဉ်းသော်လည်း အခြေအနေ အရပ်ရပ်ကြောင့် ကမာ္ဘ အနှံ့ပြန့်သွားမည် ကို အာဏာပိုင်များက စိုးရိမ် နေသည်။

လက်ရှိ အနေအထား အရ နယူးဇီလန်၊ ဗြိတိန်၊ ပြင်သစ်၊ စပိန် နှင့် အစ္စရေး စသည့် နိုုင်ငံများ တွင်လည်း ထို ရောဂါ ပြန့်နှံ့နေသည့် အရိပ်အယောင်များ မြင်တွေ့ နေရကြောင်း သိရသည်။ လက်ရှိ အချိန်ထိ ၀က်တုပ်ကွေး ရောဂါကို ကုသနိုင်သည့် ဆေးဝါး မဖော်စပ် နိုင်သေး သော်လည်း Tamiflu နှင့် Relenza တို့ကဲ့သို့ ပိုးသတ်ဆေးများ က အဆိုပါ ရောဂါကုသရန် အသုံးဝင်ကြောင်း ဆရာဝန်များ က ရှင်းလင်းပြောကြား ညွှန်ကြားချက် ပေးထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here