အရှေ့တောင် အာရှနိုင်ငံများ ရာသီဥတု ပြောင်းလဲမှု တွေ့ကြုံမည်

alt

အရှေ့တောင်အာရှ နိုင်ငံများ အနေနှင့် ရာသီဥတု ၏ ပြောင်းလဲမှု များကို တွေ့ကြံု ခံစားရမည်ဟု စစ်တမ်း တခုက တိကျစွာ ဖော်ပြထားသည်။

အာရှဖွံ့ဖြိုးရေး ဘဏ်က ကောက်ခံ ထားသည့် စစ်တမ်းအရ အဆိုပါ ဒေသအတွင်း စီးပွားရေး လုပ်ငန်းများ သည် ရာသီဥတုကြောင့် (၆.၇)  ရာခိုင်နှုန်းမျှ ထိခိုက် ဆုံးရှုံးမှု ကြံုတွေ့ နိုင်သည်ဟု ထုတ်ပြန် ကြေညာလိုက်သည်။

ထို စစ်တမ်းကို ဧပြီလ (၂၇) ရက်နေ့က ကြေညာထုတ်ပြန် ခဲ့ခြင်း ဖြစ်ပြီး ပင်လယ်ရေ မျက်နှာပြင် မြင့်တက် လာမှုကြောင့် အင်ဒိုနီးရှား နှင့် ဖိလစ်ပိုင် နိုင်ငံများသည် ကြီးမားသော ကမ်းရိုးတန်း ညစ်ညမ်းမှု အကြပ်အတည်းများ တွေ့ကြံု ရမည်ဟု ရေးသား ဖော်ပြ ထားသည်။

ထို့အပြင် ထိုင်း နိုင်ငံနှင့် ဗီယက်နမ် နိုင်ငံများရှိ လယ်ယာမြေများ တွင်လည်း ရေရနိုင်မှုသည် ထက်ဝက်အထိ ကျဆင်း သွားနိုင်ကြောင်း သတိပေး ထားသည်။ ရာသီဥတု ပြောင်းလဲမှုနှင့်အတူ ဒေသတွင်းလူဦးရေ တိုးပွားလာခြင်း ကလည်း စားဝတ်နေမှု အခက်အခဲ အချို့ဆီ ဦးတည် သွားနိုင် သည်ဟု စစ်တမ်းက ဖော်ပြထားသည်။

ဘဏ်၏ အကြီးတန်း စီးပွားရေး ပညာရှင် တေယွန်ဂျွန် က စီးပွားရေး နှင့် ရာသီဥတု ပြောင်းလဲမှု သည် ဆက်စပ်လျက် ရှိသလို ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ လူဦးရေ တိုးနှုန်းကလည်း အချက်အလက်များ တွက်ချက်ရာတွင် အရေးပါကြောင်း ရှင်းပြခဲ့သည်။ ၎င်းက အရှေ့တောင် အာရှနိုင်ငံများ ၏ ပျမ်းမျှ အပူချိန်သည် (၁၉၉၀) ပြည့်လွန် နှစ်များထက် (၄.၈) ဒီဂရီ စင်တီဂရိတ်ထိ များလာ နိုင်ကြောင်းလည်း ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here