ခန္ဓာကိုယ် အချိုးအစားကို စိတ်တိုင်း မကျတဲ့ စကားလက် ဂျိုဟန်ဆန်

alt

မင်းသမီး စကားလက် ဂျိုဟန်ဆန် က သူမ ၏ ခန္ဓာကိုယ် အချိုးအစားကို စိတ် ကျေနပ်ခြင်း မရှိခဲ့ဟု ထုတ်ဖော်ပြောဆို လိုက်သည်။

သူမ၏ ခန္ဓာ ကိုယ်သွင်ပြင်ကို မုန်းတီး မိသည်ဟု စကားလက် က ဆိုသည်။ ပြီးခဲ့ သောနှစ် က ဖက်ရှင် ပြပွဲတခုတွင် ဖက်ရှင် ဒီဇိုင်နာ အစ်ဆက်မစ် ဇာဟီ က မင်းသမီး ၏ ရင်သားအလှကို ဝေဖန် ခဲ့ဖူးပြီး ထို ဖြစ်ရပ်အပေါ် ယခုတိုင် စိတ် အနှောင့်အယှက် ဖြစ်နေဆဲဟု စကားလက် က ၀န်ခံခဲ့သည်။

အစ်ဆက် အနေနှင့် ရယ်စရာ တခုအနေနှင့်သာ ပြောခဲ့ခြင်း ဖြစ်သော်လည်း သူမ ကိုယ်တိုင် ကလည်း သူမ၏ ရင်သား အလှအပေါ် စိတ် ကျေနပ်မှု မရှိကြောင်း စကားလက်က ထပ်မံပြောကြား ခဲ့သည်။

စကားလက်သည် မင်းသား ရိုင်ယန်ရေးနိုး နှင့် ပြီးခဲ့သော စက်တင်ဘာလက လက်ထပ် ထားခဲ့သူ ဖြစ်သည်။ ထို့အပြင် သူမ သည် တနှစ်လျှင် HIV စစ်ဆေးမှု (၂) ကြိမ်ပြုလုပ်ကြောင်း Times Style မဂ္ဂဇင်းသို့ ပြောကြား ခဲ့သည်။

သူမ အနေနှင့် လိင်မှု ကျန်းမာရေး ကို အလေးထားသလို ယခု ကဲ့သို့ပုံမှန် ဆေးစစ်မှု ပြုလုပ် နေသည့် အတွက် စိတ်ထဲတွင် စနောင့်စနင်း မဖြစ်ကြောင်းလည်း စကားလက် က ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here