MySpace CEO ရာထူးအား Facebook အရာရှိဟောင်းဖြင့် အစားထိုးမည်

alt

MySpace ၏ နှုတ်ထွက်သွားသော CEO နေရာတွင် Facebook ၏ ယခင် အမှုဆောင် တဦးအား အစားထိုး ခန့်အပ် သွားမည်ဟု သိရှိရသည်။

အသက် (၃၉) နှစ်အရွယ် အိုဝင် ဗန်နက်တာ အား နှုတ်ထွက် သွားသည့် CEO ဟောင်း ခရစ်ဒီဝုဖ် နေရာတွင် ဗန်နက်တာ အား ချက်ချင်း ခန့်အပ်မည်ဟု MySpace ကိုပိုင်ဆိုင် သည့် News Corp. က အတည်ပြု ကြေညာလိုက်သည်။

MySpace သည် တချိန်က Social Networking လောကတွင် ထိပ်ဆုံးအဖြစ် ရပ်တည် နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် Facebook ၏ ကျော်တက်ခြင်းကို ခံခဲ့ ရသည်။

ထို့အတူ Twitter ၏ ခြိမ်းခြောက်လာမှု ကိုလည်း ရင်ဆိုင် နေရဆဲဖြစ်ပြီး ကမာ္ဘတဝှမ်းတွင် MySpace သုံးစွဲသူပေါင်း သန်း (၁၃၀) မျှသာ ရှိချိန်တွင် Facebook က ပရိသတ်သန်း (၂၀၀) ကျော်ထိ ရှိနေပြီ ဖြစ်သည်။ သို့သော်လည်း News Corp. က ပိုင်ဆိုင်ထားသည့် MySpace သည် ငွေကြေး အကျိုးအမြတ် တွင် Facebook ထက် သာလွန်နေဆဲ ဟု သိရသည်။

News Corp. က ၎င်းတို့ အနေနှင့် MySpace ကို ပုံစံသစ်ဖြင့် ပြန်လည် ဖွဲ့စည်းရန် အလိုရှိနေပြီး ဗန်နက်တာသည် အကောင်းဆုံး CEO တဦးအဖြစ် ဆောင်ရွက် နိုင်မည်ဟု ယုံကြည် မျှော်လင့်ကြောင်း ကြေညာချက် ထုတ်ပြန်သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here