၂၀၀၉ ခုနှစ် PFA အကောင်းဆုံး ဘောလုံးသမားဆု ထုတ်ပြန်

alt

(၂၀၀၉) ခုနှစ်၏ PFA အကောင်းဆုံး ဘောလုံး သမားဆု ကို မန်ချက်စတာ ယူနိုက်တက် အသင်းမှ သက်တော်ရှည် ဝေလ ကစားသမားကြီး ရိုင်ယန်ဂစ် က ဆွတ်ခူး ရရှိ သွားသည်။

ယခုရာသီ မန်ချက်စတာ ယူနိုက်တက် ၏ ပွဲထွက် ကစားသမား စာရင်းတွင် ပါ၀င်ခွင့် နည်းခဲ့သော်လည်း အသက် (၃၅) နှစ်ရှိ တောင်ပံ ကစားသမားကြီး မှာ ဆုကြေးစား ဘောလုံးသမားများ က ဆန္ဒပြု ခဲ့သည့် မဲ အရေအတွက် အများဆုံးကို ပိုင်ဆိုင်ကာ စတီဖင်ဂျရတ်၊ နီမန်းဂျားဗီဒစ်၊ ရီယိုဖာဒီနန်၊ အက်ဒွက် ဗန်ဒါးဆား နှင့် ခရစ်စတီယာနို ရော်နာဒို တို့အား ဖြတ်ကျော်ကာ ယခုဆုကို ဆွတ်ခူး နိုင်ခဲ့ခြင်း ဖြစ်သည်။

PFA လူငယ်ဆုကို နှစ်ကြိမ် ရရှိဖူး သည့် ဂစ် သည် PFA အကောင်းဆုံး ဘောလုံးသမား ဆု ကိုမူ ယခု နှစ်ရာသီမှ ရရှိဖူးခြင်း ဖြစ်သည်။ ထိုဆုကို ရယူနိုင်ခဲ့သည့် အတွက် အသင်းဖော်များ ကို ကျေးဇူးတင် မိကြောင်း ဂစ်က ပြောကြားခဲ့သည်။

ယခုနှစ် အတွက် PFA အကောင်းဆုံး လူငယ် ကစားသမား ဆုကိုမူ အက်စတွန်ဗီလာ မှ အက်ရှာလေယန်း က ရရှိ သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here