ဗန်ဒါဗတ်ကို ဘိုင်ယန်မြူးနစ် စိတ်ဝင်စား

alt

ဂျာမန် ဘွန်းဒက် လီဂါ ချန်ပီယံ ဘိုင်ယန် မြူးနစ် အသင်းသည် စပိန် လာလီဂါ ချန်ပီယံ ရီးရဲလ် မက်ဒရစ် မှ နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ရာဖေး ဗန်ဒါဗတ် ကို စိတ်ဝင်စားနေကြောင်း သိရသည်။

ဘိုင်ယန်သည် ၎င်းတို့ အသင်းမှ ထွက်ခွာဖွယ် ရှိသည့် ပြင်သစ် ကွင်းလယ်လူ ဖရန့်ရစ်ဘာရီ နေရာတွင် အစားထိုးသွားရန် အေဂျက် ကစားသမားဟောင်း ဗန်ဒါဗတ်ကို ရည်ရွယ်ထားဖွယ် ရှိပြီး ရီးရဲလ်အသင်း ကလည်း ရစ်ဘာရီကို စိတ်ဝင်စားလျှက် ရှိရာ ဗန်ဒါဗတ်ကို အလိုက်ပေးပြီး ကမ်းလှမ်း လာဖွယ်ရှိသည်။

အသက်(၂၆)နှစ်အရွယ် ဗန်ဒါဗတ်သည် ရီးရဲလ် ကွင်းလယ်တွင် ပုံမှန် နေရာရရေး ရုန်းကန် နေရဆဲဖြစ်ရာ ၎င်းအနေနှင့် ဘိုင်ယန်သို့ ပြောင်းရွှေ့လာရေးမှာ ဖြစ်လာနိုင်ဖွယ် ရှိကြောင်း သတင်းများက သုံးသပ်လျက်ရှိသည်။

ဘိုင်ယန်အနေ နှင့် ဟမ်းဘတ် အသင်းတွင် ခြေစွမ်းပြပြီး ဂျာမန် ဘွန်းဒစ်လီဂါ အတွေ့အကြံု ပြည့်ဝနေသည့် ဗန်ဒါဗတ်အား ခေါ်ယူနိုင်ပါက အသင်းအတွက်များစွာ အကျိုးရှိမည်ဟု ယုံကြည်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here